သင် စကားပြော တတ်ပြီလား..

ခေါင်းစဉ်ကိုဖတ်ပြီး တစ်မျိုးမတွေးပါနဲ့မိတ်ဆွေ။စကားဆိုတာနေ့စဉ်ပြောနေပေမယ့် လူအများစုမတတ်တဲ့အရာ ကလည်း စကားပြောခြင်းပါပဲ။ မြန်မာတွေမှာ စကားစကားပြောဖန်များ၊စကားထဲက ဇာတိပြဆိုတဲ့ ဆိုရိုးစကားရှိတာ လူတိုင်း ကြား ဖူးကြပါလိမ့်မယ်။နေ့စဉ်နဲ့အမျှပြောဆိုဆက်ဆံနေရတဲ့ စကားတွေဟာ လူတွေရဲ့ စိတ်ထွက်ပေါက် တံခါးလိုပါပဲ။ လူ အ ချင်းချင်းဆက်ဆံကြတဲ့အခါ စကားကြောင့်ပဲအတောမသတ်နိုင်တဲ့ ပြသနာတွေဖြစ်ပေါ်ကြရပါတယ်။ စကားပြောသူရဲ့ အခြေ အနေ၊ရာထူးတာဝန်၊အချိန်အခါကိုလိုက်ပြီး စကားကလည်း တန်ဖိုးတွေပြောင်းတတ်ပါတယ်။နိုင်ငံအုပ်ချုပ်သူ သမ္မတ တစ်ဦးနဲ့ အရပ်ထဲက သာမန်လူတစ်ဦးတို့ရဲ့ နှုတ်ဖျားကထွက်လာတဲ့စကားတွေဟာ တန်ဖိုးတွေမတူနိုင်ပါဘူး။ ဒါပေမယ့် အရပ်ထဲကလူတစ်ယောက်က စကားတို့ရဲ့ အင်္ဂါရပ်နဲ့အညီပြောဆိုတတ်မယ်ဆိုရင်တော့ သူ့စကားက တန်ဖိုး ထား ရမယ့် စကားဖြစ်လာပါလိမ့်မယ်။ဒါကြောင့်နေ့စဉ်ပြောနေတဲ့စကားကို တန်ဖိုးရှိရှိပြောတတ်ဖို့နဲ့ စကားတို့ရဲ့ အင်္ဂါ(၁၀) ပါး ကို မှတ်သားလိုက်နာနိုင်ဖို့တင်ပြပေးလိုက်ပါတယ်။
(၁) ကာလဝါဒီ- ပြောချိန်၊ပြောခွင့်သင့်မှပြောခြင်း
(၂) ဘူတဝါဒီ- ဟုတ်မှန်သောစကားကို ပြောခြင်း
(၃) ဓမ္မဝါဒီ- တရားနှင့်အညီပြောခြင်း
(၄) အတ္ထဝါဒီ- အကျိုးစီးပွားနှင့်ဆက်စပ်တာကိုသာပြောခြင်း
(၅) ပိယဝါဒီ-ချစ်ခင်နှစ်သက်စဖွယ်ပြောခြင်း
(၆) မိဟိတပုဗ္ဗဘာဏီ- ပြုံးပြုံးရွှင်ရွှင်ပြောဆိုခြင်း
(၇) မိတဘာဏီ- မတိုမရှည်၊မပိုမလွန်ချင့်ချိန်ပြောဆိုခြင်း
(၈) အတုရိတဝါဒီ- အဆောတလျင်မပြောခြင်း
(၉) ပေါရီ- ယဉ်ကျေးသူတို့၏ဓလေ့အသုံးအနှုန်းကို အတုယူပြောဆိုခြင်း
(၁၀) ဝိသဒဝါဒီ- သန့်ရှင်းသေချာ၊တိကျပြတ်သားစွာပြောဆိုခြင်း
ဆန်းသစ်မြန်မာပရိတ်သတ်များ စကားတို့ရဲ့ အင်္ဂါ(၁၀)ပါးကိုမှတ်သားလေ့လာပြီး လောကအတွက် အကျိုးရှိတဲ့စကား ကောင်း၊ စကားအလှတွေကို ဖွင့်ဟပြောဆိုနိုင်ကြပါစေဗျာ။

Leave a comment

Your email address will not be published. Required fields are marked *