သစ်ပင်တစ်ပင်ကနေ စက္ကူဘယ်နှစ်ရွက်ထုတ်နိုင်လဲ?

စက္ကူတစ်တန်ကို recycle ပြန်လုပ်နိုင်ရင် သစ်ပင် ၁၇ ပင်ကို ကယ်တင်ရာရောက်တယ်ဆိုတာကို လူတိုင်းကြားဖူးပြီးသားဖြစ်မှာပါ။ ဒါဆို သစ်ပင် ၁၇ ပင်ကနေ စက္ကူတစ်တန်ထုတ်လုပ်နိုင်တယ်လို့ အကြမ်းဖျဉ်းတွက်ချက်မိကြပါလိမ့်မယ်။ ဒါပေမယ့် စက္ကူထုတ်လုပ်ရာမှာ သတင်းစာမှာသုံးမယ့်စာရွက်၊ ကျောင်းသုံးစာအုပ်တွေမှာ သုံးထားတဲ့စက္ကူစသဖြင့် အမျိုးအစားအများကြီးရှိတာကြောင့် ဒီတွက်ချက်မှုက တိတိကျကျတော့ အမှန်ကန်နိုင်ပါဘူး။

စက္ကူထုတ်လုပ်ဖို့အတွက် သစ်ပင်အမျိုးအစားများစွာကို ရောနှောရပါတယ်။ အဲ့ဒါကြောင့် သစ်ပင်တစ်ပင်က စက္ကူဘယ်လောက်ထုတ်တယ်ဆိုတာကို မပြောနိုင်ပါဘူး။ အကြမ်းအားဖြင့် အောက်ပါအတိုင်းတွက်ချက်ကြပါတယ်။

မဂ္ဂဇင်းစာအုပ်တွေမှာ အသုံးပြုတဲ့ coated paper တစ်တန်ကို ထုတ်လုပ်ဖို့ သစ်ပင် ၁၅ ပင် အသုံးပြုပါတယ်။

ရုံးသုံးစက္ကူတစ်တန် ထုတ်လုပ်ဖို့ သစ်ပင် ၂၄ ပင်ကို အသုံးပြုပါတယ်။

သစ်င်တစ်ပင်ကနေ စာရွက် (၅၀၀) ပါအထုပ် ၁၆.၆၇ ထုပ် ထုတ်လုပ်နိုင်ပါတယ်။

စာရွက် (၅၀၀) ပါ copy paper အထုပ် (၁၀) ထုပ်ထုတ်လုပ်နိုင်ဖို့ သစ်ပင် ၆ ပင်ကို အသုံးပြုပါတယ်။

ကဲ..ဒါဆို စာဖတ်သူ ဆန်းသစ်မြန်မာ ပရိတ်သတ်ကြီးတို့လည်း သစ်ပင်ကနေ စာရွက်ထုတ်နိုင်ချေ ပမာဏသိပြီဆိုတော့ သူငယ်ချင်းတွေ သိသွားအောင် ဒီပိုစ့်လေးကို ပြန် share ပေးအုံးနော်။

Leave a comment

Your email address will not be published.