သတိထားသင့်တဲ့ ကလေးငယ်တွေရဲ့ အပြုအမူများ

မိဘတွေအနေနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာ မဖြစ်မနေသတိထားသင့်တဲ့ သူတို့လေးတွေရဲ့ အပြုအမူတွေကို တင်ပြပေးသွားမှာ ဖြစ်တာကြောင့် လေ့လာကြည့်ကြရအောင်။

တစ်ခြားသူတွေကို အပြစ်ပြောခြင်း

တစ်ခြားသူတွေရဲ့ အားနည်းချက်တွေကို အပြစ်ပြောခြင်း၊ ဝေဖန်ခြင်းစတာတွေ ပြုလုပ်နေပြီဆိုရင်တော့ မိဘတွေအနေနဲ့ သတိထားသင့်ပါပြီ။ သင်တို့အနေနဲ့ ကလေးငယ်က တစ်ခြားသူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ခြင်း မပြုလုပ်မိအောင် သင်ကြားလမ်းညွှန်ပေးဖို့ လိုအပ်နေပါပြီ။

ပစ္စည်းများ ခိုးခြင်း

သင့်တို့သားသမီးက ဒီလိုအပြုအမူမျိုးလုပ်နေပြီဆိုရင်တော့ ဒေါသအရင်မထွက်ပါနဲ့။ စိတ်အေးအေးထားပါ။ ခိုးယူခြင်းအလေ့အကျင့်က မကောင်းတဲ့အလေ့အကျင့်ဆိုတာကို နားဝင်အောင် ရှင်းပြပေးပါ။ လက်ခံလာတဲ့အထိ ခေါင်းအေးအေးထားပြီး ဆုံးမပေးတတ်ဖို့ လိုအပ်ပါတယ်။

တစ်ခြားသူတွေကို လေးစားမှုမရှိခြင်း

မိဘတွေအနေနဲ့လည်း သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြကောင်းဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ခြားသူတစ်ယောက်ကို ဘယ်လို လေးလေးစားစား ဆက်ဆံသင့်လဲဆိုတာကို နားလည်သဘောပေါက်အောင် စံနမူအနေနဲ့ လမ်းညွှန်ပေးပါ။

လိမ်ညာခြင်း/ မရိုးသားခြင်း

လိမ်ညာပြောဆိုတဲ့အခါမျိုးမှာ ရိုက်နှက်ဆုံးမခြင်းထက် သင့်တော်တဲ့အပြစ်ကို ပေးပါ။ သူတို့အနေနဲ့ အမှန်အတိုင်းပြောတတ်တဲ့ အလေ့အကျင့်ကို မွေးမြူနိုင်ဖို့ ကူညီဖေးမပါ။

ကြမ်းတမ်းတဲ့အပြုအမူများ ပြုလုပ်ခြင်း

ကြမ်းတမ်းတဲ့ အပြုအမူတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေ ပြုလုပ်နေပြီဆိုရင်တော့ အတင်းကြီးလိမ္မာလာအောင် ဖိနှိပ်ဆုံးမခြင်းမလုပ်ဘဲနဲ့ အဲ့ဒီအပြုအမူတွေက လူ့ပတ်ဝန်းမှာ ဘယ်လောက်ရှက်စရာကောင်းတဲ့ အပြုအမူတွေဖြစ်တယ်ဆိုတာကို လက်ခံပြီး နောက်ထပ်မပြုလုပ်အောင် ကူညီပေးပါ။

Leave a comment

Your email address will not be published. Required fields are marked *