သတိထားသင့်တဲ့ သိုင်းရွိုက်ရောဂါလက္ခဏာများ

သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်၊ အပူချိန်နဲ့ သွေးခုန်နှုန်းကို ပုံမှန်လည်ပတ်နိုင်စေဖို့အတွက် ဟော်မုန်းတွေထုတ်ပေးနေတဲ့ အဓိကနေရာဖြစ်ပါတယ်။ သွိုင်းရွိုက်ဂလင်းက ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင် အသည်း၊ အူ၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်နဲ့ အခြားနေရာတွေမှာပါ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ရောဂါလက္ခဏာတွေကို လေ့လာကြည့်ကြရအောင်။

မောပန်းခြင်းနှင့် စိတ်ကသိကအောင့်ဖြစ်ခြင်း

သိုင်းရွိုက်ရောဂါဖြစ်ပြီဆိုရင် စွမ်းအင်နဲ့ စိတ်ခံစားမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပင်ပန်းချိနဲ့မယ်၊ အိပ်မပျော်ဘူး၊ စိတ်ကသိကအောင့်ဖြစ်နေတယ်ဆိုရင်တော့ ရောဂါစစ်ဆေးသင့်ပါတယ်။

သွေးခုန်နှုန်းပြောင်းလဲခြင်း

သိုင်းရွိုက်ဟော်မုန်းက သွေးခုန်နှုန်းအပေါ်လည်း ထိရောက်မှုရှိပါတယ်။ သိုင်းရွိုက်ရောဂါခံစားနေရသူတွေ အနေနဲ့ နှလုံးခုန်နှုန်းပုံမှန်ထက် နှေးနေတတ်ပါတယ်။

ကိုယ်အလေးချိန်အလွန်တိုးလာခြင်း (သို့) ကျသွားခြင်း

ကိုယ်အလေးချိန်အလွန်တိုးလာတာ ဒါမှမဟုတ် အလွန်ကျသွားတာတွေက သိုင်းရွိုက်ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။

Thyroid gland

အသားအရေမွဲခြောက်ခြင်းနဲ့ လက်သည်းများကြွပ်ဆတ်ခြင်း

အသားအရေခြောက်သွေ့ပြီး ယားယံတာနဲ့ လက်သည်းခြေသည်းတွေ ကြွပ်ဆတ်နေတာတွေကလည်း သိုင်းရွိုက်ရောဂါလက္ခဏာပါပဲ။

ကိုယ်အပူချိန်မမှန်ခြင်း

သိုင်းရွိုက်ရောဂါကြောင့် အလွန်အမင်းချွေးထွက်တာ၊ ကိုယ်အပူချိန်တက်လာတာတွေ ခံစားရနိုင်ပါတယ်။

လည်ပင်းရောင်ခြင်း

လည်ပင်းတစ်ဝိုက်မှာ ရောင်ရမ်းခြင်းတွေ၊ ကြီးလာတာတွေကလည်း သိုင်းရွိုက်ရောဂါလက္ခဏာတစ်ခုပါပဲ။

ကြွက်သားတွေနာကျင်ခြင်း

သိုင်းရွိုက်ရောဂါကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ နာကျင်တတ်ပါတယ်။ အထူးသဖြင့်တော့ ကြွက်သားတွေ နာကျင်တတ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *