သတိထားသင့်တဲ့ အဆုတ်ကင်ဆာလက္ခဏာများ

သင်က ဆေးလိပ်မသောက်လို့၊ လေထုညစ်ညမ်းမှုတွေနဲ့ ထိတွေ့မနေလို့ အဆုတ်ကင်ဆာအကြောင်းကို သိထားသင့်စရာမလိုဘူးလို့ မတွေးပါနဲ့။ အဆုတ်ကင်ဆာရောဂါဆိုတာ သာမန်လူတွေမှာလည်း ဖြစ်ပွားတတ်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်တာကြောင့် ရောဂါလက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ချောင်းဆိုးကြာရှည်ခြင်းက အဆုတ်ကင်ဆာရဲ့ အဓိကလက္ခဏာတစ်ခုပါ။ ရိုးရိုးအအေးမိလို့ဆိုးတဲ့ ချောင်းက တစ်ပတ်ကနေ နှစ်ပတ်ပဲကြာပါတယ်။ တစ်လ ဒါမှမဟုတ် တစ်လထပ်ပိုပြီး ချောင်းဆိုးနေမယ်ဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိတာကြောင့် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အဆုတ်ကင်ဆာရောဂါခံစားရသူတွေက အသံရှူတာ ပုံမှန်မဟုတ်တော့ပါဘူး။ အသံရှူရခက်ခဲလာကြပါတယ်။

အဆုတ်ကင်ဆာဖြစ်ပွားပြီဆိုရင် အသံအိုးကို ထိန်းချုပ်ထားတဲ့ အာရုံကြောလေးတွေကို ဖိလိုက်တာကြောင့် အသံအက်ကွဲလာတတ်ပါတယ်။

အကြောင်းအရင်းရှာမတွေ့ဘဲ ကိုယ်အလေးချိန်လျော့ကျလာတာကလည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို ဖော်ပြနေခြင်းပါ။

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာက အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ အထူးသဖြင့် ကျောနဲ့ တင်ပါးက အနာကျင်ဆုံးဖြစ်ပါတယ်။

Leave a comment

Your email address will not be published.