သမီးကို လိင်ကျေးကျွန်အဖြစ် ရောင်းစားခဲ့သည့်မိခင် ထောင် ၆နှစ်ကျော်ကျ

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က Fiji ကနေ နယူးဇီလန်ကို ခလေးတွေနဲ့အတူပြောင်းရွှေ့လာခဲ့တဲ့ အသက် ၃၆ နှစ် အရွယ်ရှိ Kasmeer Lata ဆိုသူအမျိုးသမီးကို အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် နယူးဇီလန်Auckland တရားရုံးက အင်္ဂါနေ့မှာ ထောင်ဒဏ် ၆နှစ်နဲ့ ၁၁လ ချမှတ်လိုက်ပါတယ်။
Lata ဟာ သူမရဲ့ ဆယ်ကျော်သက်သမီးကို လိင်ကျေးကျွန်အဖြစ် အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့တာဖြစ်ပါတယ်။ သမီးဖြစ်သူဟာ လိင်ကျေးကျွန်အဖြစ် အကြိမ်ပေါင်း ၁၀၀၀ နီးပါး ဆက်ဆံခံခဲ့ရပြီး အချိန်ကာလ ၂နှစ်ကျော်ကြာခဲ့တယ် လို့ဆိုပါတယ်။ Austrilia SBS သတင်းအရ မိခင်ဖြစ်သူဟာ သမီးရဲ့ ၁၅ နှစ်မြောက် မွေးနေ့ကစပြီး ဒီအပြစ်ကို ကျူးလွန် ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သမီးဖြစ်သူဟာ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ လွတ်မြောက်လာပြီး နောက်မှ အာဏာပိုင်တွေကို သတင်းပို့ လိုက်တာ ဖြစ်ပါတယ်။ သမီးဖြစ်သူက သူ့အမေနဲ့ထိုက်တန်တဲ့ အလုပ်ကို သူလုပ်လိုက်တာပါ လို့ တရားရုံးမှာ ပြောခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိပြီး ဘဝတစ်လျှောက်လုံး မထင်မရှားနေထိုင်နေရတဲ့ သမီးဖြစ်သူက ခုလိုပြောခဲ့ပါသေး တယ်။ သူမဘဝမှာ လေးနှစ်နီးပါးလောက် မုသားတွေနဲ့ မိဘအထောက်အပံမယူဘဲနေထိုင်ရတဲ့ အကြောင်းတွေကို ဖုန်းကွယ်ထားခဲ့ရတယ်။ ခုတော့ ယောက်ကျားတွေအကြောင်း ကောင်းကောင်းသိသွားပါပြီ။ သူတို့ ကျွန်မကို စကားပြော တယ်ဆိုတာ ကျွန်မဆီက တစ်ခုခုလိုချင်လို့ပါပဲ။ အမေ့ကို ကျွန်မ သာမန်မိခင်တစ်ယောက်လိုပဲ အမြဲဖြစ်စေ ချင်ခဲ့တာပါ။ ကျွန်မလုပ်ခဲ့တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲမလား။အမေ့ဆီက ကျွန်မအမြဲမျှော်လင့်ခဲတာက ခလေးတစ် ယောက်ကိုချစ်တဲ့အချစ်၊ဆယ်ကျော်သက် သမီးမိန်းခလေးတစ်ယောက်အပေါ်ချစ်တဲ့ အချစ်ပါလို့ ပြောခဲ့ပါတယ်။
မိခင်ဖြစ်သူ Lata ဟာ အသက်မပြည့်တဲ့ သမီးကို ငွေကြေးရလိုမှုနဲ့ လိင်ပိုင်းဆိုင်ရာ ခိုင်းစေမှုအပြင် ကျေးကျွန်အဖြစ် ရောင်းချမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ Lata နဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်သူ Avneesh Sehgal ဆိုသူကိုလည်း ပြစ်မှုထင်ရှားတဲ့အတွက် လာမယ့်အပတ်မှာ စီရင်ချက်ချမှတ်မယ်လို့ သိရပါတယ်။
Source: The Independent

Leave a comment

Your email address will not be published. Required fields are marked *