သမုဒ္ဒရာကြီးကိုကယ်တင်နေတဲ့ company တစ်ခု (သို့) 4ocean

4ocean company ကို အသက်သုံးဆယ်အောက် လူငယ်နှစ်ယောက်က တည်ထောင်ထားပြီး လက်ရှိ အစိုးရကပါ ထောက်ပံ့မှုရထားတဲ့ company တစ်ခုဖြစ်ပါတယ်။ 4ocean ရဲ့ အဓိကရည်ရွယ်ချက်က သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေကို တတ်နိုင်သလောက် ရှင်းဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်ဖို့အတွက်က လက်ကောက်ဂွင်းလေးတွေရောင်းပြီး company ကို လည်ပတ်ပါတယ်။ လက်ကောက်တစ်ကွင်းကို ဒေါ်လာ ၂၀ နဲ့ ၃၀ ကြားရှိပြီး recycle လုပ်ထားတဲ့ plastic နဲ့ recycle လုပ်ထားတဲ့ ဖန်တွေကို အသုံးပြုပြီး လုပ်ထားတာဖြစ်ပါတယ်။

ဒီလက်ကောက်လေးတွေကို ဝတ်ထားတဲ့လူတစ်ယောက်က သမုဒ္ဒရာကြီးကို ကယ်တင်နေတဲ့အထဲမှာလည်း ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ကောက်တစ်ခု ဝယ်ရင် ပလတ်စတစ် အမှိုက်တစ်ပေါင်အလေးချိန်ကို ဆယ်ယူလိုက်တာနဲ့ညီပါတယ်။ 4ocean company ကို ဒေသခံလူတွေက သဘောကျပြီး လုပ်အားပေးတွေမှာလည်း ပါဝင်ကူညီကြပါတယ်။ 4ocean က တံငါသည်အချို့ကိုလည်း ပလတ်စတစ်အမှိုက်တွေကို ဆည်ယူစေပြီး ပြန်ဝယ်ပါတယ်။ တံငါသည်အချို့က ငါးမရတဲ့အခါမျိုးမှာ သူတို့အတွက် ဒီအလုပ်က တွက်ချေကိုက်ပါတယ်။ comapny စတည်ထောင်တည်းက အခုချိန်ထိ သမုဒ္ဒရာထဲက ဆည်ယူလိုက်တဲ့ ပလတ်စတစ်အမှိုက်တန်ချိန်ပေါင်းက လေးသန်းကျော်ရှိပါတယ်။ နေ့စဉ်နဲ့အမျှ ဆယ်ယူလိုက်တဲ့ ပလတ်စတစ်အမှိုက်ပေါင်းတန်ချိန်က တိုးတိုးလာပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *