သယ္ယူပို႔ေဆာင္ေရးနွင့္ ရာသီဥတု ခန္႔မွန္းေရးမွာ အေျပာင္းအလဲျဖစ္လာေစမယ့္ ဒရုန္းမ်ား

အေမဇံုကုမၸဏီမွ စတင္ျပီး ဒရုန္းမ်ားနွင့္ စာအုပ္၊ ေဆး၊ ပီဇာ စသည္တို႔ကို ပို႔ေဆာင္ဖို႔ၾကိဳးပမ္းလာခဲ့သလို ရာသီဥတုပိုင္းဆိုင္ရာ ခန္႔မွန္းရာတြင္လည္း ဒရုန္းမ်ားကို သံုးလာဖြယ္ရွိပါတယ္။ ရာသီဥတုကို အတိအက်ခန္႔မွွန္းဖို႔မလြယ္ကူပါဘူး။ ဒါေပမယ့္ ဒရုန္းမ်ားဟာ ေပါ့ပါးေသာေၾကာင့္ အနီးကပ္ဆံုး ရာသီဥတုအေျခအေနမ်ားကို သိရွိေစရန္ ေထာက္ပံ့ေပးႏိုင္ပါတယ္။ ကြန္ပ်ဴတာမ်ားကို သတင္း ျပန္လည္ေပးပို႔ေပးျခင္းေၾကာင့္ ေလေၾကာင္းလိုင္းမ်ားမွ ပစၥည္းေပးပို႔သလို ေဆာင္ရြက္ေပးသြားႏိုင္မည္ျဖစ္ျပီး ေရာက္ရွိသာ တည္ေနရာအလိုက္ ရာသီဥတုအေျခအေနမ်ားကို ခန္႔မွန္းေပးသြားႏိုင္ပါတယ္။

သို႔ေသာ္ ထိုသို႔ ဖန္တီးမႈမ်ားကို ဟန္႔တားေနေသာ အရာမ်ားလည္း ရွိေနပါတယ္။ နည္းပညာပိုင္းဆိုင္ရာအရ အဆင့္ျမင့္သလို ကုန္က်စရိတ္လည္း ျမင့္ႏိုင္ပါတယ္။ အခ်ိိဳ႔ေသာေနရာမ်ားတြင္ ဒရုန္းပ်ံသန္းခြင့္ပိတ္ထားျခင္းမ်ားရွိပါတယ္။

ထိုအျပင္ ရာသီဥတုဒဏ္ခံႏိုင္ေအာင္ ဖန္တီးမႈမ်ိဳးေတြလည္းလိုအပ္ပါတယ္။ ဒရုန္းရပ္နားရမည့္ ေနရာမ်ားအတြက္လည္း ရွာေဖြရမည္ျဖစ္ျပီး အပူအာရံုခံစနစ္ျဖင့္ တျခားအရာမ်ားကို မတိုက္မိေစရန္ အာရံုခံ ပ်ံသန္းရပ္နားရမည္ျဖစ္သည္။

Unicode : သယ်ယူပို့ဆောင်ရေးနှင့် ရာသီဥတုခန့်မှန်းရေးမှာ အပြောင်းအလဲဖြစ်လာစေမယ့် ဒရုန်းများ

အမေဇုံကုမ္ပဏီမှ စတင်ပြီး ဒရုန်းများနှင့် စာအုပ်၊ ဆေး၊ ပီဇာ စသည်တို့ကို ပို့ဆောင်ဖို့ကြိုးပမ်းလာခဲ့သလို ရာသီဥတုပိုင်းဆိုင်ရာ ခန့်မှန်းရာတွင်လည်း ဒရုန်းများကို သုံးလာဖွယ်ရှိပါတယ်။ ရာသီဥတုကို အတိအကျခန့်မှှန်းဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် ဒရုန်းများဟာ ပေါ့ပါးသောကြောင့် အနီးကပ်ဆုံး ရာသီဥတုအခြေအနေများကို သိရှိစေရန် ထောက်ပံ့ပေးနိုင်ပါတယ်။ ကွန်ပျူတာများကို သတင်း ပြန်လည်ပေးပို့ပေးခြင်းကြောင့် လေကြောင်းလိုင်းများမှ ပစ္စည်းပေးပို့သလို ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပြီး ရောက်ရှိသာ တည်နေရာအလိုက် ရာသီဥတုအခြေအနေများကို ခန့်မှန်းပေးသွားနိုင်ပါတယ်။

သို့သော် ထိုသို့ ဖန်တီးမှုများကို ဟန့်တားနေသော အရာများလည်း ရှိနေပါတယ်။ နည်းပညာပိုင်းဆိုင်ရာအရ အဆင့်မြင့်သလို ကုန်ကျစရိတ်လည်း မြင့်နိုင်ပါတယ်။ အချို့သောနေရာများတွင် ဒရုန်းပျံသန်းခွင့်ပိတ်ထားခြင်းများရှိပါတယ်။

ထိုအပြင် ရာသီဥတုဒဏ်ခံနိုင်အောင် ဖန်တီးမှုမျိုးတွေလည်းလိုအပ်ပါတယ်။ ဒရုန်းရပ်နားရမည့် နေရာများအတွက်လည်း ရှာဖွေရမည်ဖြစ်ပြီး အပူအာရုံခံစနစ်ဖြင့် တခြားအရာများကို မတိုက်မိစေရန် အာရုံခံ ပျံသန်းရပ်နားရမည်ဖြစ်သည်။

Leave a comment

Your email address will not be published.