သိန်းနီမြို့နယ်၊ မိုင်းလီကျေးရွာအနီးတွင် တရားမဝင်ကျောက်စိမ်းတုံးများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

သိန်းနီမြို့နယ်၊ မိုင်းလီကျေးရွာအနီးတွင် တရားမဝင်ကျောက်စိမ်းတုံးများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ဆေးရေးဂိတ်၏ အနောက်တောင်ဘက် ၄ မိုင်ခွဲခန့်အကွာရှိ မိုင်းလီကျေးရွာအနီး မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ NISSAN MARCH အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ်ပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၁၄၀ တုံးကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မော်တော်ယာဉ်နှင့်ကျောက်စိမ်းတုံးများအား လားရှိုးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။

 

Leave a comment

Your email address will not be published. Required fields are marked *