သီရိလင်္ကာနိုင်ငံတွင် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံး

သီရိလင်္ကာနိုင်ငံတွင် နိုဝင်ဘာလ၂၉ရက်နေ့က လေပြင်းမုန်တိုင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၇ဦး သေဆုံးပြီး တံငါသည် ၅ဦး ပျောက်ဆုံးနေပါတယ်။ အဆိုပါ လေပြင်းမုန်တိုင်းတိုက်ခိုက်ခံရမှုကြောင့် မုန်တိုင်းသင့်ဒေသရှိ ကျောင်းများကို ပိတ်ထားရန် အစိုးရမှ နိုဝင်ဘာ ၃၀ရက်နေ့တွင် ကြေငြာထားပါတယ်။

လေပြင်းမုန်တိုင်းဟာ ဆိုးဝါးခဲ့တာကြောင့် လမ်းတွေနဲ့ အိမ်တွေပေါ်ကို သစ်ပင်တွေ ပြိုလဲခဲ့ပြီး ရေကြီးမြေပြိုမှု သတိပေးချက်တွေကို ထုတ်ပြန်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

လေပြင်းမုန်တိုင်းထဲတွင် လူပေါင်း ၂သောင်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့တယ်လို သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေးစင်တာမှ ပြောခွင့်ရသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလမှာလဲ ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး လူ ၁၂၂ဦး သေဆုံးခဲ့တယ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြချက်အရသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *