သီဟိုကျွန်း၏ အမည်နာမ(၇)မျိုး

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အနေဖြင့် သီဟိုကျွန်းကို အားလုံးသိကြသော်လည်း ထိုကျွန်းကိုခေါ်ဝေါ်ခဲ့သော အမည်နာမ (၇)မျိုးကိုတော့ လူတိုင်းသိနိုင်မည်မထင်ပါ။ ထို့ကြောင့် သုတရစေလိုသောစေတနာဖြင့် ထိုအမည်(၇)မျိုးကို ရှာဖွေ တင်ပြပေးလိုက်ပါသည်။
(၁) လင်္ကာဒီပ- လင်းယင်ရွက်နှင့်တူသောကျွန်း
(၂) တမ္ဗဒီပ- မြေနီသဖြင့် လက်ဖြင့်ကိုင်တွယ်သောအခါ လက်နီသောကျွန်း
(၃) သြဇာဒီပ-မြေဆီသြဇာကောင်းသောကျွန်း
(၄) သီဟဠဒီပ- သီဟဗာဟုဝတ္ထုလာ ခြင်္သေ့ကျွန်း
(၅) ဝရဒီပ- ကြီးမြတ်သောကျွန်း
(၆) မဏ္ဍလဒီပ – ကြည်လင်သောကျွန်း
(၇) သီရိလင်္ကာ- ကျက်သရေရှိသောကျွန်း

Leave a comment

Your email address will not be published. Required fields are marked *