သုတေသီများက ဒရုန်းနဲ့ လူနာတင်ယာဉ်တို့ရဲ့စွမ်းဆောင်ရည်ကို နှိင်းယှဉ်စမ်းသပ်ခဲ့

ဩစတြေးလျားနဲ့ အီရတ်တို့မှသုတေသီများစုပေါင်းကာ ရှေ့ဦးသူနာပြုစုရေးမှာ Drone နဲ့ လူကိုယ်တိုင် မောင်းပြီး သွားရသော လူနာတင်ယာဉ်တို့ နှစ်ခုအနက် ဘယ်ဟာက ပိုမိုပြီးထိရောက်မှုရှိလဲဆိုတာကို အီရတ်ရှိ လူနေထူထပ် သောမြို့တစ်မြို့တွင် စမ်းသပ်ခဲ့ပါတယ်။ ထိုစမ်းသပ်မှုတွင် လူကိုယ်တိုင်တက်ပြီး မောင်းနှင်သော လူနာတင်ကားနဲ့ remote control နဲ့ ထိန်းချုပ်ပြီး မောင်းနှင်ရသော DJI Phantom 3 တို့တွင် ရှေ့ဦးသူနာပြုစုဖို့ရန်လိုအပ်သော ဆေးပစ္စည်းများကို ထည့်ကာ Erbil မြို့ရှိ ဆေးရုံမှ လူထူထပ်သော ရပ်ကွက်ထဲရှိ ကျောင်းနှင့် ဈေးတို့မှာရှိတဲ့ လမ်းကျဉ်းကလေးထဲမှ လူနာဆီကို အပြိုင်မောင်းနှင်ခဲ့ကြပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီး ထွက်လာမယ့်အဖြေကတော့ လူတိုင်းသိတဲ့အတိုင်း Drone ကသာ အနိုင်ရရှိမှာ ဖြစ်သော် လည်း ဘယ်အရာကပိုထိရောက်လဲဆိုတာကတော့ အတိအကျမသိကြသေးပါဘူး။ထို့ကြောင့် သုတေသီများက အချိန်ကို သေချာ တွက်ချက်ပြီး (၄)ကြိမ်တိတိ စမ်းသပ်မောင်းနှင်းစေခဲ့တယ်လို့သိရပါတယ်။

ပထမစမ်းသပ်ချက်(၂)ခုတွင် Drone ဟာ စက္ကန့် (၉၀)အတွင်းမှာ လူနာထံသို့ အရောက်သွားနိုင်ခဲ့ပြီး လူနာတင် ယာဉ်Ambulance ကတော့ Drone ရောက်ပြီး စက္ကန့် (၁၂၀)ကြာမှ ရောက်ရှိခဲ့တာကိုတွေ့ရပါတယ်။ လူများ ထူ ထပ်သဖြစ်Ambulance က စက္ကန့် ၃၀၀လောက် အချိန်ပေးပြီးဖြတ်သန်းနေရတဲ့အချိန်မှာ Drone ကတော့ စက္ကန့် (၂၁၀)နဲ့ ဖြတ် သန်းသွားလာနိုင်တာကို တွေ့ရှိခဲ့သဖြင့် Drone ဟာ Ambulance ထက် ၃၁ရာခိုင်နှုန်း ပိုမိုပြီး မြန်တဲ့ အတွက် လူနာကို အချိန်မှီကုသပေးဖို့ရန် ပိုမိုအချိန်ရရှိသွားတာကို တွေ့မြင်ခဲ့ကြရပါတယ်။

Source : Mashable News

Leave a comment

Your email address will not be published. Required fields are marked *