သေဆုံးပြီးကြောင်းအတည်ပြုပြီးတဲ့ ရင်ခွဲရုံထဲက အမျိုးသမီး အသက်ပြန်ရှင်လာ

ဒီလောကကြီးဟာ ဆန်းကြယ်သလို တစ်ခါတစ်ရံမှာ မမျှော်လင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ အခုလည်း တောင် အာဖရိကနိုင်ငံက ရေခဲတိုက်တစ်ခုမှာ ဆေးဘက်ဆိုင်ရာပညာရှင်တွေက သေဆုံးလက်မှတ်ထုတ်ပေးလိုက် ပြီးတဲ့ အမည်မသိ အမျိုးသမီးတစ်ဦးဟာ သိပ်မကြာခင်မှာပဲ ရေခဲတိုက်ကျွမ်းကျင်သူတွေက အသက်ရှင်လျက်ပြန် လည်တွေ့ရှိခဲ့တယ်လို့ Sky News သတင်းအရ သိရပါတယ်။ အမျိုးသမီးဟာ ရေခဲတိုက်ထဲမှာ အချိန်အတော်ကြာ အသက်ရှုနေတာကို ရေခဲတိုက်တာဝန်ရှိသူတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးဟာ ယာဉ်တိုက်မှုဖြစ်ပြီး သူမနဲ့အတူပါလာသူ၂ဦးကသေဆုံးခဲ့ပါတယ်။ အရေးပေါ်အသက်ကယ်ဆယ်ရေး အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ Gerrit Bradnick က ကျွန်တော်တို့က လုပ်စရာ ရှိတဲ့အတိုင်း အဆင့်ဆင့်လုပ်ခဲ့ပါတယ်။ အသက်ရှူတာ၊သွေးခုန်တာတွေကိ အသေအချာမှန်မှန်ကန်ကန် လုပ်ခဲ့ပြီး မှ သေဆုံးသွားပြီလို့ သေစာရင်းထုတ်ပေးခဲ့တာပါ။ဘယ်လိုဖြစ်တယ်ဆိုတာ မစဉ်းစားတတ်ဘူးလို့ AFP သတင်းကို ပြောခဲ့ကြောင်းသိရပါတယ်။ တစ်ဖွဲ့လုံးက လုံး၀ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ အလုပ်က ရှင်နေတဲ့လူကို သေသွားပြီလို့ ပြောဖို့မဟုတ်ပါဘူး။ကျွန်တော်တို့က လူတွေကို အသက်ပြန်ရှင်လာအောင် လုပ်တဲ့ အလုပ်ပါလို့ ပြောခဲ ပါသေးတယ်။ ရင်ခွဲရုံတာဝန်ရှိသူတွေကတော့ သေမသေဆုံးဖြတ်ဖို့ ဆေးဘက်ကျွမ်းကျင်သူ တွေကို လေ့ကျင့်ပေး ထားပါတယ်။ ကျွန်တော်တို့ကို လေးကျေင့်ပေးထားတာမဟုတ်ပါဘူးလို့ Sowetan သတင်းစာကို ပြောခဲ့ ပါတယ်။ အသက်ရှင်လျက်တွေ့ပြီးတဲ့နောက်မှာ သူမကို Carletonville ဆေးရုံကို တင်လိုက်တာ အခုတော့ ကျန်းမာ လာပြီလို့ သိရပါတယ်။ Source:Sky News

Leave a comment

Your email address will not be published. Required fields are marked *