သံပုရာသီးရဲ့ အသုံးဝင်ပုံ

သံပုရာသီးဟာ အဝတ်တွေကို ဖြူစင်အောင်ပြုလုပ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သံပုရာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး အဝတ်တွေကို နာရီဝက်လောက်စိမ်ထားပြီးမှ လျှော်ပါ။ အဝတ်တွေဖြူဖွေးသန့်စင်သွားပါလိမ့်မယ်။

သံပုရာရည်ကို ရေနွေးကန်ထဲသို့ အနည်းငယ်ထည့်ပြီး ရေချိုးရင် လက်သည်းခြေသည်းတွေကို ပိုမိုကျန်းမာစေပါတယ်။

သံပုရာသီးက အသက်အရွယ်အိုမင်းခြင်းကြောင့်ဖြစ်တဲ့ မျက်နှာပေါ်က အစက်အပြောက်တွေကို သက်သာစေတာကြောင့် သံပုရာသီးနဲ့ မျက်နှာကို ညှင်သာစွာပွတ်သပ်ပေးရင် အစက်အပြောက်တွေကို သက်သာစေမှာပါ။

မနက်ခင်းမှာ သံပုရာရည်နဲ့ပျားရည်ကို သောက်ပေးရင် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

သံပုရာသီးက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အနံ့အသက်ဆိုးတွေရှိနေရင် သံပုရည်နဲ့ဖြန်းပေးလိုက်ရင် အနံ့ဆိုးတွေ ပျောက်သွားပါလိမ့်မယ်။

ဖိနပ်ကနေ အနံ့ဆိုးတွေထွက်နေတယ်ဆိုရင်တော့ ဖိနပ်ထဲကို သံပုရာခွံထည့်ပြီး တစ်ညလောက်ထားလိုက်ရင် အနံ့ဆိုးတွေ ပျောက်သွားပါလိမ့်မယ်။

သံပုရာသီးက ကိုလက်စရောပမာဏကို ထိန်းညှိပေးနိုင်ရုံသာမက အသည်းကို သန့်စင်စေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

သံပုရာသီးအခွံနဲ့ ပွတ်တိုက်ပေးရင် စတီးပစ္စည်းတွေကို ပိုမိုတောက်ပြောင်စေပါတယ်။

သံပုရာသီးဆောင်ထားမယ်ဆိုရင် အင်းစက်ပိုးမွှားတွေ မတွယ်ကပ်နိုင်ပါဘူး။

သံပုရာသီးမှာပါဝင်တဲ့အက်ဆစ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေကို ဝင်းမွတ်တောက်ပစေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *