သံလွင်ဆီစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

သံလွင်ဆီမှာ fatty acid နဲ့ ဗီတာမင်ဓာတ်များအပြင် ကျန်းမာရေးကို အထောက်အကူပေးတဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အပြင် အခြားကျန်းမာရေးကောင်းကျိုးများလည်း များစွာရှိပါတယ်။

အူမနာကို အကျက်မြန်စေခြင်း

သံလွင်ဆီက ဆဲလ်တွေကို အနာတရဖြစ်ခြင်းကနေ တစ်ဆင့်ဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ အူမနာကို အကျက်မြန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။

အသားအရေ၊ ဆံသား၊ လက်သည်းနဲ့ အရိုးတွေကို သန်မာစေခြင်း

သံလွင်ဆီဟာ အသားအရေအစိုဓာတ်ကို ထိန်းပေးနိုင်ရုံသာမက နူးညံ့ချောမွေ့စေပါတယ်။ ဆံပင်အရှည်မြန်စေတဲ့အပြင် လက်သည်းနဲ့ အရိုးတွေကိုလည်း ပိုမိုကျန်းမာလာစေပါတယ်။

အသည်းကို သန့်စင်စေခြင်း

သံလွင်ဆီအနည်းငယ်ကို သံပုရာရည်ထဲ ထည့်သောက်ပေးရင် အသည်းမှ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေခြင်း

သံလွင်ဆီမှာပါဝင်တဲ့ fatty acid က အစာစားချင်စိတ်ကို တင်းတိမ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

ကိုယ်ခံအားကောင်းမွန်စေခြင်း

သံလွင်ဆီမှာပါဝင်တဲ့ fatty acid က ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

သံလွင်ဆီက သွေးတွင်းရှိ HDL ကိုလက်စရောကို တိုးလာစေတာကြောင့် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *