သင်္ကြန်ပိတ်ရက် ခရီးသွားတွေထံမှ ကားခပိုတောင်းတဲ့ ဂိတ်တွေကို ထိထိရောက်ရောက်အရေးယူသင့်

မကြာခင်မှာ သင်္ကြန်ကာလကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် မိမိနေရပ်ဒေသကို ပြန်လိုကြတဲ့ ပြည်သူတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီဖြစ်ပါတယ်။ကိုယ်ပိုင်ကားရှိသူတွေ၊ ငွေကြေးတတ်နိုင်ကြသူတွေနဲ့ လေကြောင်းခရီးကို အသုံး ပြုနိုင်သူတွေအတွက်တော့ အောင်မင်္ဂလာအဝေးပြေးဂိတ်နဲ့ ဘာမှပတ်သက်ဆက်ဆံ စရာ မရှိပေမယ့် တစ်နှစ်မှာ တစ်ကြိမ်သာမိမိဒေသကိုပြန်ပြီး ကောင်းမှုကုသိုလ်တွေလုပ်တတ်ကြတဲ့ သာမန်မြန်မာနိုင်ငံသားအများစုအတွက်ကတော့ အဝေးပြေးကားဂိတ်တွေနဲ့ ဆက်ဆံရတဲ့ ဒီကာလဟာ စိတ်ညစ်စရာအကောင်းဆုံးကာလလို့ပဲ ပြောရပါလိမ့်မယ်။

အထူးသဖြင့် သင်္ကြန်ကာလ ရောက်ရင် မိမိဇာတိဒေကို အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြရတဲ့ ရန်ကုန်မြို့နေ ရခိုင်တိုင်းရင်း သား ပြည်သူအများစုအတွက်တော့ မိမိဒေသကို ပြန်ချင်ဇောနဲ့ သည်းခံကျိတ်မှိတ်ပြီး သွားလာကြရပေမယ့် စိတ်ညစ်စရာ အ ကောင်းဆုံးကာလတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်စိတ်ညစ်ရတာပါလဲ။ ခရီးသည်တွေအများစုပြုံကျလာတဲ့ ဒီလို အချိန်ခါ မျိုးမှာ ကားဂိတ်တွေဟာ ကားခတွေကို တိုးမြှင့်ကောက်ခံ၊ စားသုံးသူဖက်က ဝယ်လိုအားတက်လာတဲ့အတွက် ဝန် ဆောင်မှုတွေကို ဖြစ်ကတတ်ဆန်းလုပ်တာတွေကို နှစ်စဉ်လိုပဲလုပ်တတ်ကြတဲ့ အတွက်ဖြစ်ပါတယ်။Photo:Credit

ပုံမှန်အနေ အထားအရပြောရရင်တောင် ရခိုင်ပြည်နယ်ကို သယ်ယူပို့ဆောင်ပေးနေကြတဲ့ ကားဂိတ်အများစုဟာ အခြား ပြည်မကားဂိတ်တွေနဲ့စာရင် ဝန်ဆောင်မှုက အညံ့ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ လမ်းအခြေအနေအရ ကားကောင်း ကား သန့်တွေကို မပြေးဆွဲနိုင်ကြပေမယ့် ဂိတ်တွေ၊ကားမောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ခရီးသွားပြည်သူ တွေ အပေါ်မှာပေးနေတဲ့ ဝန်ဆောင်မှုကတော့ ဝန်ဆောင်မှုဆိုတာကို နားလည်ရဲ့လား လို့တောင်မေးရမလိုဖြစ်နေတာကို သွားလာဖူးတဲ့ ခရီးသွားပြည်သူတွေသိကြပါလိမ့်မယ်။

ရခိုင်ဒေသကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစုက ရခိုင် လူမျိုးပိုင် တွေဖြစ်နေတာတောင် အခုလို အခါရာသီမျိုးမှာ ရခိုင် နေရပ်ပြန်ခရီးသွားတွေကို ဈေးပိုတောင်းခြင်းဟာ မိမိလူမျိုးအချင်းချင်း ကူညီရိုင်းပင်းရာမကျတဲ့ အပြင် အများပြည်သူကို အကျိုးပြုရမယ့် စီးပွားရေးကျင့်ဝတ်တွေနဲ့လည်းကိုက်ညီမှုမရှိပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း အခု လိုအခါရာသီမျိုးမှာ အများပြည်သူသွားလာရေးအဆင်ပြေဖို့ နည်းလမ်းရှာဖွေပြီး ကူညီဆောင်ရွက်ပေးဖို့နဲ့ အများ ပြည်သူ တွေရဲ့အခက်အခဲကို ကူညီပေးပြီးစီးပွားရှာတာမဟုတ်ဘဲ အများပြည်သူအခက်တွေ့ချိန်မှာ ညစ်တတ်၊ညှစ်တတ်တဲ့ ကားဂိတ် တွေကိုလည်း ဂိတ်တွေပိတ်သိမ်းတဲ့ အထိအရေးယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူအတွက် တကယ် တာ ဝန်ကျေတဲ့ အစိုးရဖြစ်လာမယ့်အကြောင်းရေးသားလိုက်ရပါတယ်။

အခက်အခဲအမျိုးမျိုးကြားက ခရီးသွားကြရတဲ့ မိဘပြည်သူတွေ သောကဒုက္ခတွေကင်းဝေးကြပါစေ။

Photos: Irrawady/Myanmar Business Today

Leave a comment

Your email address will not be published. Required fields are marked *