သြစတြေးလျားရဲ့ နာမည်ကြီး DJ သမား Adam Sky သေဆုံး

သြစတြေးလျားရဲ့ နာမည်ကြီး DJ သမားတစ်ဦးဖြစ်တဲ့ Adam Sky ဟာ မေလ ၄ရက် စနေနေ့မှာ သေဆုံးခဲ့ကြောင်း သူ့ရဲ့တရားဝင် Facebook account မှာ ကြေငြာထားချက်အရသိရှိရပါတယ်။ Adam Sky ရဲ့ နာမည်အရင်းဟာ Adam Neat ဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့အတွက် သေဆုံးခဲ့တာဖြစ်ပါတယ်။

Adam Neat ဟာ စနေနေ့တုန်းက ဘာလီကျွန်းကိုသူ့ရဲ့အမျိုးသမီးမိတ်ဆွေနဲ့ သွားခဲ့ရာ လမ်းပေါ်မှာပဲ ယာဉ် တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် သူနဲ့အတူပါလာတဲ့ အမျိုးသမီးဟာ အရိုးတွေကျိုးသွားခဲ့ပါတယ်။ Adam က အရိုးကျိုးနေတဲ့ သူ့သူငယ်ချင်းကို ကယ်ဖို့အတွက် မှန်များကို ထုခွဲကာ ကားထဲမှထွက်ပြီး သူ့မိတ်ဆွေ အမျိုး သမီး ကိုကားထဲက ထုတ်ခဲ့ပါတယ်။ မှန်များကို ခွဲရာမှာ မှန်ကွဲစများကြောင့် ရခဲ့သောထိခိုက်ဒဏ်ရာတွေအပြင် ယာဉ်တိုက် မှုမှ ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာများကြောင့် သွေးထွက်လွန်ကာ ကယ်ဆယ်ရေးများ မရောက်လာမီမှာပဲ သေဆုံးခဲ့ရ တယ်လို့ သိရှိရပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Adam Sky ဟာ Asia မှာ အဆင့်(၃)နေရာရှိတဲ့ DJ သမားတစ်ဦးဖြစ်ပြီး DJ အဖွဲ့ အစည်းက သူ့ကို Legend ဟု တင်စားခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။ JUICE Asia မဂ္ဂဇင်းမှာ Adam Sky ကို Australia ရဲ့ DJ Superstar ကြယ်ပွင့်တစ်ပွင့်လို့ ဖော်ပြခဲ့ပါတယ်။ သူဟာ DJ လောကမှာ Top-10 (၃)ကြိမ် တိတိ ဝင်ခဲ့သူဖြစ်ပြီး သူ့ကိုသင်ကြားခဲ့တဲ့ အနုပညာရှင်တွေကတော့ Fat Boy Slim၊ David Guetta နဲ့ The Scissor Sisters တို့ဖြစ်ကြောင်း သိရှိရပါတယ်။ Adam ဟာ Illogical၊ Larynx နဲ့ Kreatine Club တွေမှာ DJ တီးပေး နေ သူ တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *