သွားဖုံးရောင်ခြင်းကို ကုသနိုင်မယ့် အိမ်တွင်းဆေးဝါးများ

ဆားရည်

ဆားရည်က ခံတွင်းကျန်းမာရေးအတွက် အသုံးအများဆုံး ပစ္စည်းတစ်ခုပါ။ ဆားရည်က ခံတွင်းထဲရှိ pH ပမာဏကို မျှတစေပြီး သွားဖုံးရောင်ခြင်းကို သက်သာစေပါတယ်။

ဂျင်း

ဂျင်းမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့အစွမ်းသတ္တိရှိတာကြောင့် သွားဖုံးရောင်ရမ်းခြင်းကို သက်သာစေပါလိမ့်မယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်တာကြောင့် သွားဖုံးရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် မုန့်ဖုတ်ဆိုဒါကို သွားတိုက်တဲ့အခါမှာ ထည့်ပြီးအသုံးပြုနိုင်ပါတယ်။

သံပုရာရည်

သံပုရာရည်မှာ သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ သေးငယ်တဲ့ပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

ကြက်ဆူဆီ

ကြက်ဆူဆီက ရောင်ရမ်းခြင်းတွေကို အမြန်ဆုံးသက်သာစေတာကြောင့် သွားဖုံးရောင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလပတ်

ရှားစောင်းလပတ်က ဘက်တီးရီးယားများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းခြင်းများကို သက်သာပျောက်ကင်းစေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *