သွားရောက်လည်ပတ်သင့်သည့် ဇာတ်ကားထဲမှ နာမည်ကြီးနေရာများ

ဇာတ်လမ်းကောင်းတွေဟာ သင့်ကို စိတ်လှုပ်ရှားဖွယ်နေရာသစ်တွေကို ခေါ်သွားနိုင်ပါတယ်။ အတွေ့အကြုံသစ်များကို ခံစားစေပါတယ်။ ဒီလိုမျိုးနေရာတွင်ကို ပြင်ပလောကမှာ မသွားချင်ဘူးလား။ သင့်အကြိုက်ဆုံးဇာတ်ဝင်ခန်းထဲက နေရာတွေကို လက်တွေ့သွားရောက်ပြီး ဓါတ်ပုံရိုက်မတင်ချင်ဘူးလား။ ယခု နာမည်ကြီးဇာတ်ကားများထဲမှ နာမည်ကြီးနေရာများကို ဖော်ပြသွားပါမယ်။

“Harry Potter” ဇာတ်ကားထဲမှ ရဲတိုက်

နာမည်ကြီး Harry Potter ဇာတ်ကားတွေထဲကပဲဖြစ်ပါတယ်။ သင့်ဟာ J.K.Rowling ရဲ့ပရိသတ်ဆိုရင် ဖလော်ရီဒါမှ ရှိတဲ့ Universal Studios ကိုသွားသင့်ပါတယ်။ Hogwarts ရဲ့ နှစ်(၅၀၀)ကျော် ကျောင်းအိုပုံစံဖြင့် သင့်ကို စောင့်ဆိုင်းနေမှာဖြစ်ပြီး တစ်ယောက်ကို ယူရို(၁၃)ဒေါ်လာသာကျသင့်မှာပဲဖြစ်ပါတယ်။

“The Sound of Music” မှဇာတ်ဝင်ခန်း.

သြစတြေးလျရဲ့ Salzburg မှ ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒီကားရဲ့ ဇာတ်ဝင်ခန်းနေရာတွေကို နှစ်စဉ် ပရိသတ်(၃၀၀၀၀၀)ကျော်မှ သွားရောက်လည်ပတ်ကြပါတယ်။ အနုပညာလက်ရာနှင့် တောင်ပေါ်များကိုတက်နိုင်မည့်အတွေ့အကြုံကောင်းများကိုပါရစေမည်ဖြစ်သည်။

“Star Wars: Episode IV — A New Hope” မှ စစ်စခန်း

သင့်အနေဖြင့် Guatemala မှာရှိတဲ့ Tikal ကိုသွားရောက်ရမှာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်(၁၀၀၀)က မာရမ်လူသားမျိုးနွယ်စုတွေအကြောင်းလေ့လာရမည်ဖြစ်ကာ တစ်ယောက်ကို ဒေါ်လာ(၂၀)ကျသင့်မည်ဖြစ်ပါတယ်။ ဒါပေမယ့် စတုရန်းမိုင်ပေါင်း(၁၀)မိုင်ကျော်ရှိတဲ့ ဒီနေရာကို အတော်ကိုအချိန်ပေးကြည့်ရမှာပဲဖြစ်ပါတယ်။

James Bond’s “Skyfall” ဇာတ်ကားထဲမှ တံတား

ဇာတ်လမ်းထဲမှာတောင် ဆွဲဆောင်မှုရှိနေတဲ့ တံတားကို ပြင်ပမှာတော့ ဖြတ်သန်းသွားလာခွင့်မပြုပါဘူး။ ဒါပေမယ့် တူရကီကို သွားမယ်ဆိုရင် ဒါဟာ(၁၀၂)နှစ်သက်တမ်းရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုလို ခံစားရမှာပဲဖြစ်ပါတယ်။

Marilyn Monroe’s ဂါဝန်လန်ခဲ့တဲ့ ဂိတ်နေရာ

ဒါကတော့ လုံးဝနာမည်ကြီးနေရာပါ။ မာရီလင်မွန်ရိုး စကပ်လေးကို လှမ်းဖုံးရတဲ့ပုံလေးကို မျက်စိထဲကထွက်ပါ့မလား။ ဒီနေရာကတော့ New York မြို့မှာ ရှိတဲ့ မီးရထား ဂိတ်နေရာမှပဲဖြစ်ပါတယ်။ Lexington အိမ်ရာနှင့် ၅၂လမ်းထောင့်မှာ ရှိသောနေရာဖြစ်သည်။

ဒီလိုမျိုး နာမည်ကြီးဇာတ်လမ်းတွေထဲက သင်သွားရောက်လည်ပတ်နိုင်တဲ့ နေရာတွေရှိပါတယ်။ သင့်ကြည့်ရှုဖူးတဲ့ ကားတွေထဲက ဘယ်နေရာကို ရောက်ဖူးပြီးပြီလဲ။

Leave a comment

Your email address will not be published. Required fields are marked *