ဟန်ဂေရီ မြို့လယ်တွင် တောင်ကိုရီးယားခရီးသည်များတင်လာသောလှေနှင့် ဒေသခံများ၏လှေတို့ တိုက်မှုဖြစ်ပွားရာ (၇)ဦးသေဆုံး

ဟန်ဂေရီနိုင်ငံ Budapest မြို့လည်ရှိ Danube မြစ်ထဲတွင် မေလ ၂၉ရက် ဗုဒ္ဓဟူးနေ့ည ဒေသစံတော်ချိန် ၉နာရီ ၅မိနစ် ဝန်းကျင် လောက်တွင် တောင်ကိုရီးယားခရီးသည် ၃၃ဦးကို တင်လာသောလှေနှင့် ဟန်ဂေရီ နိုင်ငံသားများ စီးလာသော လှေတို့ တိုက်မှု ဖြစ်ပွားခဲ့ရာ တောင်ကိုရီးယား ခရီးသည် (၇)ဦးသေဆုံးသွားခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရှိရပါတယ်။ ရေနှစ်မြုပ်သွားသူ (၇)ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ Budapest မြို့လည်ရှိ Elisabeth တံတားနှင့် ပါလီမန်အဆောက်အဦးကြားက Danube မြစ်လည်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ Moon Jae-in ၏ပြောပြချက်အရ အခင်းဖြစ်ပွားချိန်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ် ရေးအဖွဲ့များဟာ ခက်ခက်ခဲခဲ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရတယ်လို့သိရပါတယ်။ Very Good Tour အဖွဲ့ ခေါင်း ဆောင် Lee Sang-moo ၏ပြောပြချက်အရ သူ့ရဲ့နိုင်ငံခြားခရီးသွားအဖွဲ့ဟာ ဆိုးလ်မြို့မှ ခရိုအေးရှား၊ ဆလိုဗက်ကီးယား ၊ချက်ရပတ် ဘလစ်၊ဟန်ဂေရီ၊သြစတြေးလျားနဲ့ ဂျာမဏီတို့ကို (၉)ရက်ကြာခရီးထွက်လာခဲ့ကြတာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့ဟာ (၄)ရက်မြောက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားအဖွဲ့ထဲတွင် ပါဝင်သူအများစုဟာ လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး အသက်အကြီးဆုံးက (၇၀)နှစ် လောက်ရှိပြီး အငယ်ဆုံးကတော့ ၂၀၁၃ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ Very Good Tour အဖွဲ့ခေါင်းဆောင် Lee Sang-moo က အခုလိုဖြစ်ပွားသွားခဲ့ရတဲ့အတွက် ခရီးသွားမိသားစုကို တောင်းပန်ကြောင်းပြောခဲ့ပါတယ်။

တိမ်းမှောက်သွားတဲ့ လှေများကိုထုတ်လုပ်ခဲ့တဲ့ Panorama Deck ကုမ္ပဏီမှ ပြောခွင့်ရပုဂ္ဂိုလ် Mihaly Toth က လှေများတိမ်း မှောက်သွားရတဲ့ အကြောင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ သူတို့အနေနဲ့ နိုင်ငံခြားခရီးသည်တွေကို ပြေးဆွဲပေးနေတာ အခေါက် အရည်ထောင်နဲ့ချီရှိနေပြီးဖြစ်ပါတယ်။ ကုမ္ပဏီကလည်း နှစ်စဉ်နှစ်တိုင်း လှေများကို စစ်ဆေးမှုများပြုလုပ်နေပါတယ်။ အခုတိမ်း မှောက်သွားခဲ့တဲ့ Mermaid အမည်ရှိလှေဟာ Danube မြစ်ထဲတွင် ၂၀၀၃ခုနှစ်ကစတင်ပြေးဆွဲခဲ့တဲ့လှေဖြစ်ပြီး ချွတ်ယွင်းချက် တစ်ခုမှ မရှိခဲ့ဘူးလို့ ပြောသွားပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးရာဝန်ကြီး Kang Kyung-wha က လှေတိမ်းမှောက်မှုနဲ့ ပတ်သက်ပြီးအသေးစိတ်အကြောင်းအရာကို အမြန်ဆုံးစုံစမ်းစစ်ဆေးရန် ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ တစ်ဖက်က ဟန်ဂေရီ နိုင်ငံသားများ၏ လှေအခြေအနေကိုတော့ အ သေးစိတ်မသိရှိရသေးပါဘူး။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *