ဟာရီကိန်း Dorian ဟာ အားကောင်းလာပြီးဆိုင်ကလုန်းမုန်တိုင်း အဖြစ်ပြောင်းလဲကာ ဖလော်ရီဒါသို့ ဝင်လာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

ဟာရီကိန်း Dorian မုန်တိုင်းဟာ ဩဂုတ်လ ၂၈ရက် ဗုဒ္ဓဟူးနေက ဗြိတိန်၊ US Virgin ကျွန်းတို့ကို ဝင်ရောက် တိုက် ခတ်ခဲ့ပြီး Puerto Rico ကျွန်းကိုတော့ အဖျားခက်သွားခဲ့ပါတယ်။ ကြာသပတေးနေ့မှာတော့ အတ္တလန်တိတ် သမုဒ္ဒ ရာ အနောက်မြောက်ဘက်အတိုင်း တစ်နာရီ ၈၅မိုင် လေတိုက်နှုန်းဖြစ် ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်း လာ သဖြစ်ဆိုင်ကလုန်အသွင်သို့ ကူးပြောင်းကာ တနင်္လာနေ့တွင် US ရဲ့ Florida ကမ်းရိုးတန်းသို့ ရောက်ရှိလာနိုင်ကြောင်း သတိပေးချက်တွေထုတ်ပြန်နေပြီဖြစ်ပါတယ်။

မုန်တိုင်းဟာ Florida သို့ ရောက်ရန် (၄)ရက်လောက် ကြာဦးမှာဖြစ်ပြီး ခန့်မှန်းခြေအရ သောကြာနေတွင် အဆင့် (၃) မုန်တိုင်းအဖြစ်ပြောင်းလဲကာ တနင်္ဂနွေနေ့မှာတော့ Bahamas မြောက်ဘက်ကို တိုက်ခက်ကာ တနင်္လာနေ့ မှာ တော့ တစ်နာရီ ၁၂၅မိုင် လေတိုက်နှုန်းဝန်းကျင်ဖြစ် Florida နှင့် Georgia အရှေ့တောင်ပိုင်းတို့ကို ဝင်ရောက် လာ နိုင်ကြောင်း သိရပါတယ်။ မုန်တိုင်းအရှိန်ကြောင့် တနင်္ဂနွေနေ့လောက်ကတည်းက အနည်းဆုံး တစ်နာရီ ၃၉မိုင်နှုန်းနဲ့ လေတိုက်နိုင်ကာ မိုးများလည်း ရွာသွန်းနိုင်ကြောင်း သိရပါတယ်။

အာဏာပိုင်များက ပြည်သူများကို မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများစတင်ပြုလုပ်ကြရန် တစ်ပတ်စာ အစားအစာ နှင့် ရေများကို အလုံအလောက် စုဆောင်းထားရန်နှင့် ကမ်းရိုးတန်းနဲ့ နီးတဲ့ လူနေအိမ်များကတော့ အတတ်နိုင်ဆုံး ကြို တင်ရွေ့ပြောင်းထားကြရန် သတိပေးချက်များထုတ်နေပြီဖြစ်သလို ပြည်သူများကလည်း ပစ္စည်းများကို စုဆောင်းကာ ဩဂုတ်လ ၂၉ရက် ကတည်းက မြို့မှ ရွေ့ပြောင်းနေကြပြီလို့သိရပါတယ်။

ထို့အပြင် အုပ်ချုပ်သူ Ron DeSantis ကလည်း မုန်တိုင်းပြီးရင် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်ရန်အတွက် ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များကို အဆင်သင့်အနေအထားနှင့် ပြင်ဆင်ထား သလို နိုင်ငံတကာမှ အကူအညီကိုလည်း တောင်းခံထားတယ်လို့ သိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *