ဟာဝိုင်ယီတွင် ငါးမန်းတိုက်ခိုက်ခြင်းကြောင့် လူတစ်ဦးသေဆုံး

မေလ ၂၆ရက် တနင်္ဂနွေနေ့တွင် ဟာဝိုင်ယီ ပြည်နယ် Maui ကျွန်းရှိ Ka’anapali ကမ်းခြေအနီးတွင် ကယ်လီ ဖိုးနီး ယား မှအမျိုးသားတစ်ဦး ငါးမန်း၏တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားခဲ့ရကြောင်း Hawaii News Now သတင်းဌာန၏ တရားဝင်ထုတ်ပြန်ချက်အရသိရှိရပါတယ်။ငါးမန်းတိုက်ခိုက်ခြင်းခံခဲ့ရတဲ့ အမျိုးသားဟာဆိုးဝါးရဲ့ဒဏ်ရာတွေရရှိကာ သေ ဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်ခြင်းခံခဲ့ရတဲ့အမျိုးသားဟာ ကမ်းခြေမှ ကိုက် ၆၀အကွာ ရေအနက် ပေ၂၀မှ ၂၅ပေအထိရှိတဲ့ Honokowai Point တွင်ငါးမန်း၏တိုက်ခိုက်မှု ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ အသက် ၆၅နှစ်အရွယ်ရှိ အမျိုးသားဟာ ဒေသ စံတော်ချိန် 9:00 am တွင် ငါးမန်း၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့များက ကမ်းခြေသို့ပြန်လည် ခေါ် ဆောင်ခဲ့ကာ ကမ်းခြေသို့အရောက်တွင် သတိလစ်နေသဖြင့် CPR ပြုလုပ်ပေးပြီး သတိပြန်ရအောင်ကြိုးစားခဲ့သော်လည်း ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ကမ်းခြေရှိ မျက်မြင်ဖြစ်တဲ့ Keller ၏ပြောပြချက်အရ ၎င်းအမျိုးသားကို ကယ်ဆယ်ရေး အဖွဲ့များက ခေါ်ဆောင်လာချိန်တွင် သူ၏တစ်ကိုယ်လုံးမှာ ဒဏ်ရာများဖြင့် စုတ်ပြတ်နေပြီး ဘယ်ဘက်ခြေထောက်လည်း မရှိတော့ဘူးလို့ သိရပါတယ်။ သို့သော် ဒဏ်ရာများဟာ သွေးလုံးဝထွက်မနေခဲ့ဘူးလို့ Keller ကပြောပါတယ်။

Maui ရှိ တာဝန်ရှိသူများကတော့ ကိုက်သွားတဲ့ ငါးမန်းအမျိုးအစားကို အတိအကျဖော်ပြခဲ့ခြင်းမရှိပါဘူး။ သို့သော် ငါးမန်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Michael Domier က ၎င်းအမျိုးသားခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအရ ကိုက်သွားတဲ့ငါးမန်းဟာ ကျားငါးမန်းအမျိုးအစားဖြစ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။ ယခု အမှုအပါအဝင် Hawaii တွင် ဒီ နှစ်အတွင်း ငါးမန်းတိုက်ခိုက်မှုဟာ ၆မှုအထိရှိသွားပြီးဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်ကတည်းက မှတ်တမ်းများအရ Hawaii တွင် ငါးမန်းတိုက်ခိုက်မှုပေါင်း ၁၂၀မှုအထိရှိခဲ့ပြီး ဆိုးဝါးစွာထိခိုက်မှုကတော့ ယခုအမှုအပါအဝင် ၅မှု အထိရှိပြီးဖြစ်ပါတယ်။ ထူးခြားမှုကတော့ ဆိုးဝါးစွာထိခိုက်ခဲ့တဲ့ အမှု (၅)မှုလုံးဟာ Maui ကျွန်းမှာ ပဲဖြစ်ပွားခဲ့ ပါ တယ်။ ယခုလက်ရှိမှာ Maui ကျွန်းရှိ ကမ်းခြေတစ်လုံးတွင် ငါးမန်းနှင့်ပတ်သက်တဲ့ သတိပေးစာတွေကပ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ ငါးမန်းတွေ ရှိတယ်လို့ ဘယ်လောက်ပဲ သတိပေးပေး ခရီးသွားတွေကတော့ ယခုအချိန်အထိ များနေဆဲဖြစ်ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *