ဟောင်ကောင်က အိမ်ယာတွေရဲ့ အကျယ်က ဘယ်လောက်တောင် ကျဉ်းမြောင်းလဲ။

မိသားစုတစ်စု နေထိုင်ဖို့ အိမ်အကျယ်က ဘယ်လောက်ရှိသင့်လဲ။ မြေနေရာပေါတဲ့ နိုင်ငံတွေမှာတော့ ဆင်းရဲ ချမ်းသာ လူတန်းစားမရွေး နေထိုင်တဲ့အိမ်တွေက အတန်အသင့်ကျယ်ပြီး ကောင်းကောင်း အသက်ရှုလို့ရပါတယ်။ ဟောင်ကောင်က မြေနေရာက တစ်အားကျဉ်းမြောင်းပြီး လုံးချင်းအိမ်နေနိုင်တဲ့လူဆိုတာ ကမ္ဘာနဲ့ချီ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ နေနိုင်ပါတယ်။ သာမန်လူတန်းစားတွေအတွက်တော့ အိမ်ယာက အထပ်မြင့်တိုက်ခန်းတွေပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာဆို စင်ကာပူနိုင်ငံက ဟောင်ကောင်နဲ့ တော်တော်လေးတူပါတယ်။ ဒါပေမယ့် ဟောင်ကောင်မှာတော့ မြေနေရာအရမ်းရှားပြီး လူတွေနေရတဲ့နေရာက ကားပါကင်မှာ ကားတစ်စီးရပ်ထားတဲ့အကျယ်လောက်ပဲ ရှိပါတယ်။

တိုက်ခန်းတစ်ခန်းရဲ့ အကျယ်က ပျမ်းမျှ ၇၅ပေ ပတ်လည်ရှိပါတယ်။ ဒီ ၇၅ပေပတ်လည်တိုက်ခန်းမှာ မိသားစုလေးစုလောက် စုပြီးနေထိုင်ကြပါတယ်။ ပြောရမယ်ဆိုရင် မျိုးဆက်နှစ်ဆက်လောက် မိသားစုက ဒီတိုက်ခန်းလေးမှာပဲဲ နေကြပြီး ကြီးပြင်းလာကြပါတယ်။ မိသားစုတွေကလည်း တစ်စုနဲ့တစ်စု မတည့်ကြပဲ အချင်းချင်းရန်​ ခဏခဏ ဖြစ်ကြပါတယ်။

ဟောင်ကောင်က တိုက်ခန်းတစ်ခန်း ရဲ့ ၁၀ပေပတ်လည်နေရာငှားနှုန်းက တစ်လကို ဒေါ်လာ ၃၀၀ ကျော်လောက် အနည်းဆုံးရှိပါတယ်။ မြေနေရာ အရမ်းစျေးကြီးပြီး နေရတဲ့ ပုံစံက လှောင်အိမ်သာသာလောက်သာ ဖြစ်နေပါတယ်။ တစ်ချို့က​ အင်္ဂလိပ်လို Cage House လို့ခေါ်ကြပါတယ်။

Hong Kong က ကမ္ဘာမှာ စီးပွားရေးအချက်အချာ နေရာတစ်ရာဖြစ်ပြီး ပညာရေးနဲ့ စီးပွားရေး အရမ်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူဦးရေများလာတာနဲ့အမျှ လူတွေနေတဲ့ တိုက်အမြင့်ကလည်းမြင့်သထက် မြင့်လာပါတယ်။ ဟောင်ကောင်မှာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက တစ်ကယ်မရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။

ဟောင်ကောင်ရဲ့ ၇၅% မြေနေရာက လူတွေနေဖို့အတွက် အသုံးမပြုရသေးပါဘူး။ အပင်တွေနဲ့ မြေဆီမြေလွှာကောင်းတဲ့ နေရာတွေ အများကြီးရှိပါသေးတယ်။ Drone လွှတ်ပြီး ဟောင်ကောင်မြို့ရဲ့ ကောင်းကင်တစ်ခွင် ပျံသန်းလိုက်မယ်ဆိုရင် မြေနေရာအလွတ်တွေအများကြီးကို မြင်တွေ့နိုင်မှာပါ။ အစိုးရက ဒီမြေတွေကို ဘာလို့အလွတ်ထားထားတာလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဟောင်ကောင်က ကမ္ဘာမှာ လွတ်လပ်ရေးရတဲ့နိုင်ငံထဲမှာ အနောက်ကျဆုံး နိုင်ငံဖြစ်သလို အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြေနေရာပြဿနာကို ရှင်းတဲ့နေရာမှာတော့ နှောင့်နေးကြန့်ကြာနေတာကို တွေ့ရပါတယ်။ အချို့သတင်းတွေအရ အစိုးရက မြေနေရာပြဿနာကို ရှင်းမယ့် plan ရှိတယ်လို့ပြောကြပေမယ့် ဒီအတောအတွင်းမှာတော့ ဟောင်ကောင်ပြည်သူတွေက နေရာကျဉ်းကျဉ်းလေးမှာ နေထိုင်ပြီး ဖြတ်သန်းရမှာပါ။

Leave a comment

Your email address will not be published. Required fields are marked *