ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဌေးတစ်ဦးက ဒေါ်လာသန်း၃၈၀ အကုန်ကျခံပြီး ဗုဒ္ဓပြတိုက်တစ်ခုကိုဖွင့်လှစ်

အသက် ၉၀ရှိပြီဖြစ်တဲ့ ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်သူ Li Ka-shing ဟာ သူ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းကို အလှူအတန်းပြုလုပ်ပြီး ကုန်ဆုံးဖို့ ရည်ရွယ်ထားတဲ့အတွက် ၁၉၈၀ခုနှစ်မှာ Li Ka Shing Foundation ကို တည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသူတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ အ ပတ်က ဟောင်ကောင်ရဲ့ Tsz Shan တရုတ်ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓပြတိုက်တစ်ခုကို ဒေါ်လာသန်း ၃၈၀ အကုန် အ ကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

၎င်းပြတိုက်မှာ အကြီးဆုံးရုပ်ထုကတော့ တရုတ်သမိုင်းမှာ နာမည်ကြီးတဲ့ စစ်သူကြီး Guanyin ထိုင်နေတဲ့ ကြေးရုပ် တုကြီးပဲဖြစ်ပါတယ်။ ကျန်တာကတော့ ဗုဒ္ဓရုပ်ထုပေါင်း ၁၀၀ ကျော်ဖြစ်ပြီး ဗုဒ္ဓရဲ့ သမိုင်းကြောင်းတွေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ ၎င်းရုပ်တုတွေကို ရရှိဖို့အတွက် သူဌေးကြီး Liရဲ့ ကုမ္ပဏီဖြစ်တဲ့ CK Hutchison Holdings ကုမ္ပဏီက ကူညီပေးခဲ့တယ်လို့သိရပါတယ်။

ဗုဒ္ဓပြတိုက်ဖွင့်ပွဲကြီးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓပုံ ဆေးရေးပန်းချီများ၊ ရုပ်တုများနှင့် ပန်းပုလက်ရာများကို တွေ့ရှိခဲ့ ရပြီး ဧည့်သည်ပေါင်း အယောက် ၂၀၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ ယခုဖွင့်ပွဲဟာ ဖွင့်ပွဲသီးသန့်ဖြစ်ပြီး သွားရောက်လေ့လာ လိုသူများကတော့ မေလ ၁ရက်နေ့မှစတင်ပြီး မည်သူမဆို အခမဲ့ သွားရောက် လေ့လာ နိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *