ဟွန်ဒူးရပ်စ်နိုင်ငံပိုင် ကျွန်းတွေအနီး ပြင်းအား ၇ဒဿမ၆ ရှိ အားပြင်းငလျင်တစ်ခုလှုပ်ခတ်

ဇန်နဝါရီလ ၉ရက်နေ့တွင် ကာရေဘီယန်ပင်လယ်အတွင်း ဟွန်ဒူးရပ်စ်နိုင်ငံပိုင်သည့် ဘာရာပါတူကာကျွန်း အရှေ့မြောက်ဘက် ၁၂၅မိုင်အကွာနဲ့ ကေးမန်းကျွန်းစုရှိ ဂျော့တောင်း နောက်တောင်ပိုင်း ၁၉၁ မိုင်တို့ကို ဗဟိုပြုပြီး ပြင်းအား ၇ဒဿမ ၆ရစ်ချ်တာစကေးရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ဟွန်ဒူးရပ်စ်ရဲ့ မြို့တော် တဲဂူသီးဂါပါရှိ နေအိမ်ပြတင်းတွေ လှုပ်ခါသွားပြီး မက္ကဆီကိုနိုင်ငံ ကင်တာနာလူးပြည်နယ်မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားလိုက်ရတယ်လို့ သိရှိရပါတယ်။

ကာရေဘီယန် ကမ်းရိုးတမ်းအနီး ဘာကလာလိတ် ခရီးသွားဒေသမှ လူတစ်ဦးကတော့ “ငလျင်၃ကြိမ်လှုပ်ခဲ့ပြီး လှုပ်ခတ်ချိန် မကြာပေမယ့် အားပြင်းတယ်” လို့ဆိုပါတယ်။

ငလျင်ကြောင့် ပျက်ဆီးမှုတွေရှိခဲ့သော်လည်း မည်မျှပျက်ဆီးသွားသည်ကို အတိအကျ မသိရသေးပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *