ဟွန်းဒူးရပ်စ် အစိုးရက နိုင်ငံအတွင်း ညမထွက်ရ အမိတ်ထုတ်ပြန်

ဟွန်းဒူးရပ်စ် အစိုးရသည် နိုင်ငံအတွင်း ညမထွက်ရ အမိန့်ကို ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲအပြီးတွင် ဆန္ဒပြမှုတွေနဲ့ လုယက်မှုတွေဖြစ်ပွားခဲ့ရာမှ အနည်းဆုံးလူ တစ်ယောက်သေဆုံးခဲ့ပြီး ၂၀ကျော် ဒဏ်ရာရခဲ့ကာ လုယက်မှုကြောင့် လူအယောက် ၁၀၀ကျော်ကို ဖမ်းစီးခဲ့ရပါတယ်။ ထို့ကြောင့် အစိုးရက တစ်နိုင်ငံလုံး ၁၀ရက် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ရတာပါ။

ထိုညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီးတာနဲ့ ရဲနဲ့ စစ်တပ်တွေကိုလဲ လုံခြုံရေးအတွက် တိုးချဲ့ပြီး ချထားခဲ့တယ်လို့ သိရပါတယ်။

အတိုက်ခံခေါင်းဆောင်တွေက ဒီလိုလုပ်ခြင်းသည် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့အတွက် အကွက်ရွေ့တာလို့ ဝေဖန် ခဲ့ကြပါတယ်။ အမိန့်အရ ဒေသခံ အာဏာပိုင်တွေက သူတို့ရဲ့ အခွင့်အာဏာကို ရဲနဲ့ စစ်တပ်တွေစီကို အပ်နှင်းရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ မဲရေတွက်ရာတွင် အနိုင်ရသူကို မကြေငြာပဲ ရပ်တန့်နေတာ ၅ရက် ကြာနေပြီးဖြစ်တာကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားလာတာလို့ သိရပါတယ်။

လက်ရှိသမ္မတ ဟွမ်ဟနန်ဒဲ့ဇ်က စိန်ခေါ်သူ ရုပ်သံသတင်း ကြေငြာတဲ့ ဆယ်လ်ဗာဒေါ နတ်စ်ရာလာ ကို အနိုင်ရနေတာပါ။ သို့သော် အငြင်းပွားစရာ ဖြစ်နေတဲ့ မဲတွေ ထောင်ချီ ရှိနေတဲ့ အတွက် မဲရလဒ်ကို မထုတ်ပြန်နိုင်သေးတာလို့သိရပါတယ်။

အတိုက်အခံခေါင်းဆောင်တွေကတော့ အစိုးရသည် မဲလိမ်ပြီးတော့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ မသမာမှုလုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲနေကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *