အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆုအပါအဝင် (၁၁)ဆုကို Cocoဇာတ်ကားမှရရှိ

ဖေဖော်ဝါရီလ ၃ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့မှာ ၄၅ကြိမ်မြောက် အန်နီမေးရှင်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ရုပ်ရှင်၊ တီဗွီ၊ ကြေငြာနှင့် ဗွီဒီယိုဂိမ်းတွေရှိ အန်နီမေးရှင်း အရည်အသွေးတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုချီးမြှင့်တဲ့ ပွဲဖြစ်ပါတယ်။ ဆုချီးမြှင့်ရာတွင် အသံသရုပ်ဆောင်နဲ့ အရုပ်ရေဆွဲခြင်းတို့ အပါအဝင် အားလုံး ၃၆မျိုးအတွက် ဆုတွေချီးမြှင့်ပေးတာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ဝေါ့ဒစ္စနေ ရုပ်ရှင်ကုမ္ပဏီရဲ့ ပစ်ဇာအန်နီမေးရှင်း စတူဒီယိုက ထုတ်လုပ်တဲ့ Coco ဇာတ်ကားဟာ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆုပေါင်း ၁၁ ဆုကို ရရှိခဲ့ပါတယ်။ Coco ဇတ်ကားဟာ ကမ္ဘာတစ်ဝှမ်း ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၈၂သန်းကျော် ရရှိခဲ့ပြီး မက္ကဆီကိုမှာတော့ ရုံတင်ဝင်ငွေအများဆုံး ရရှိခဲ့ပါတယ်။

ထိုပွဲတွင် Coco ရဲ့ ဇာတ်ညွှန်းရေးဆရာ မတ်သရူးအဲလ်ဒရစ်ချ် ပြောတာကတော့ “သဘောကောင်းတဲ့ မက္ကဆီကို လူမျိုးတွေဟာ ကျွန်တော်တို့ကို အိမ်လည်ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ကို ကျွေးမွေးပြီး သူတို့ဇာတ်လမ်းတွေကို ပြောပြတယ်။ သူတို့က ဒီဇာတ်ကားကို မှန်မှန်ကန်ကန်ရိုက်ပေးပါလို့ ပြောတယ်။ ကျွန်တော်တို့ရုပ်ရှင်အတွက် ခင်ဗျားတို့ ဂုဏ်ယူမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပရိုဂျူဆာ ဒါလာကေအန်ဒါဆင် ကလည်း “Coco ဇာတ်ကားနဲ့အတူ လှပတဲ့နိုင်ငံနဲ့ မက္ကဆီကို ရိုးလာအစဉ်အလာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဇာတ်ကားကောင်းတခုဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ ချစ်မြတ်နိုးတဲ့ စစ်မှန်တဲ့ နေရာဒေသနဲ့ ယဉ်ကျေးမှုကို ပြသခဲ့ပါတယ်” လို့ ဂုဏ်ယူပြီး ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *