အကောင်းမြင်ဝါဒနှင့် ဘဝကိုဖြတ်သန်းကြမယ်

သင့်အနေဖြင့် အရာရာတိုင်းကို အဆိုးမြင်နေထိုင်ပါက ဆုံးဖြတ်ချက်မှားနိုင်ပါတယ်။ သင့်ဦးနှောက်ဟာ ခက်ခဲခဲ့တဲ့ အခြေအနေတွေ၊ အမှတ်တရဆိုးတွေကို မှတ်သားထားတက်ပါတယ်။ ဒါကို မှတ်သားလိုတဲ့အခါမှလည်း အဆိုးမြင်ဝါဒကြောင့်ပဲဖြစ်ပါတယ်။ သို့သော် တစ်ခါတစ်ရံမှာလည်း ဒီလိုမျိုးတွေးကြည့်ပြီး အမှန်တကယ် ပျော်ရွှင်တဲ့ဘဝဆီကို ဆုံးဖြတ်ချက်ချသွားနိုင်တဲ့အထိ အကောင်းမြင်ဝါဒတစ်ခုကို လက်ခံသွားနိုင်ပါတယ်။ ဒီလိုအဆိုးမြင်တဲ့ စိတ်ကနေ အကောင်းမြင်တတ်တဲ့စိတ်ဆီ ကူးပြောင်းသွားအောင် လုပ်ဆောင်နိုင်မယ်နည်းလမ်းတွေကို ဖော်ပြသွားပါမယ်။

၁။ သင့်စိတ်ထဲမှာရှိနေတဲ့ မကောင်းမြင်တတ်တဲ့ စိတ်ကို အပြင်ကို ထုတ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အနေဖြင့် အပြင်ဖက်မှ လူများထံမှ ဝေဖန်အကြံပြုသံများကို ကြားရပြီး ဘာကို ဆုံးဖြတ်ရမလဲဆိုတာအတွက် ပိုမိုတွေးတောလာနိုင်မှာပဲဖြစ်ပါတယ်။

၂။ သင့်အဆိုးမြင်ဝါဒကို ပြောင်းလဲပါ။ ထိုသို့ပြောင်းလဲရန်အတွက် အရင်ဆုံးကိစ္စတစ်ခုကို စဉ်းစားပါက ကိုယ်ကိုယ်ကို သတိပေးပါ။ ဘယ်လို အကောင်းမြင်ဝါဒနဲ့ တွေးပြီး ဆုံးဖြတ်ရမလဲဆိုတာပါ။

၃။ ဘာကြောင့် အဆိုးမြင်ဝါဒတွေ တွေးမိနေသလဲ အမြဲစဉ်းစားပါ။ ထိုမှ ရလာမယ့် အကြောင်းရင်းတွေကို မပြုလုပ်မိအောင်နေပါ။

၄။ တစ်ခုလုပ်ပေးမှ တစ်ခုပြန်ရမယ်ဆိုတဲ့ စိတ်မထားပါနဲ့။ ဒီလိုစိတ်ကြောင့် သင့်အနေဖြင့် စိုးရိမ်ပူပန်မှုများရှိလာပြီး တဖြည်းဖြည်းဖြင့် အဆိုးမြင်ဝါဒကို ကျင့်သုံးလာနိုင်သောကြာင့်ဖြစ်သည်။

၅။ လက်ရှိရောက်နေသော အချိန်၊ အခြေအနေ ကိုအကောင်းမြင်ပေးပါ။ ဒါဟာ သင်ခံစားရမယ့် စိုးရိမ်ပူပန်မှုတွေ၊ ဖိအားတွေကို လျှော့ကျစေပြီး သင့်အတွက် ပျော်ရွင်မှုကို ရှာတွေ့နိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *