အကဲလွန် အလွန်ကဲမိရာမှ နိုက်ကလပ်ကြမ်းပြိုကျသည်အထိဖြစ်ခဲ့

စပိန်နိုင်ငံ တယ်နယ်ရီဖေ ကျွန်းပေါ်ရှိ နိုက်ကလပ် အဆောက်အဦး၏ ကြမ်းခင်းပြိုကျမှု ဖြစ်ခဲ့ပါတယ်။

စပိန်နိုင်ငံရှိ တယ်နယ်ရီဖေ ကျွန်းသည် ကာနာရီကျွန်းစုရဲ့ အကြီးဆုံးကျွန်းဖြစ်ပါတယ်။ ကျွန်းသို့လာရောက်သူမည်မျှများသလဲဆိုရင် စပန်နိုင်ငံအတွင်း ကာတာလိုးနီးယားပြီးရင် မနှစ်က လည်ပတ်သူ ဒုတိယအများဆုံး လို့လဲသိရပါတယ်။

ထို တယ်နယ်ရီဖေ ကျွန်းရှိ နိုက်ကလပ် ကြမ်းပြင်ပြိုကျမှုသည် ဒေသစံတော်ချိန် ၂နာရီခွဲမှာ မတော်တဆ ဖြစ်ခဲ့တာပါ။ ကြမ်းကျွန်းကျမှုကြောင့် လူတွေလဲ ၄မီတာ အမြင့်ကနေ အောက်သို့ကျခဲ့တယ်လို့ တယ်နယ်ရီဖေ မီးသတ်ဌာနက ကြေညာချက်အရသိရပါတယ်။

မတော်တဆမှုကြောင့် ဒဏ်ရာရသူများတွင် ပြင်သစ်အမျိုးသား ၂ဦး ၊ ဘယ်လ်ဂျီယံ အမျိုးသမီး ၁ဦး နှင့် ရိုမေးနီးယားနိုင်ငံသား ၁ဦး တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published.