အကျဉ်းအကျပ်ထဲက Mark Zuckerberg ရဲ့ အဖိုးတန်စကား

အခုတလောမှာ နာမည်ကြီးလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ facebook ဟာ သူ့ရဲ့အမှားတွေကြောင့် အထင် အမြင်သေး စရာ၊ရှုံ့ချစကားတွေနဲ့ ရင်ဆိုင်နေရပြီး သုံးစွဲသူအများအပြားကလည်း ရပ်ဆိုင်းတာကို ခံနေရပါတယ်။ ဒီလို အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်နေရချိန်မှာပဲ စီအီးအို ဇူကာဘတ်က facebook ဟာ အမှားတွေရှိနေပေမယ့် သူကတော့ ခုချိန်ထိ facebook လုပ်ငန်းလည်ပတ်ဖို့ အသင့်တော်ဆုံးလူတစ်ယောက်ပါပဲလို့ ဧပြီလ ၄ရက်နေ့မှာ သတင်းထောက် တွေကိုပြောကြား လိုက်ကြောင်း AFP သတင်းအရသိရပါတယ်။ ဇူကာဘတ်က သတင်းထောက်တွေကို facebook သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားမှုနဲ့ အခြားသော အလွဲသုံးစား ပြုမှုတွေ အတွက် သူ့မှာ တာဝန်ရှိတယ်ဆိုတာ သူလက်ခံတဲ့အကြောင်း၊ ဒါပေမဲ့ facebook ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးလူက သူလားလို့ မေးမယ်ဆိုရင် ဟုတ်တယ်လို့ပဲ ဖြေရမှာဖြစ်ကြောင်း သတင်း ထောက်တွေကို ပြောသွားခဲ့တာဖြစ်ပါတယ်။
နောက်ပြီး ဘဝဆိုတာ အမှားတွေကိုသင်ခန်းစာယူပြီး ရှေ့ကိုဘယ်လိုဆက်သွားမလဲဆိုတာ တွက်ချက်ရတယ်လို့ သူထင်ကြောင်း ပြောသွားခဲ့ပါတယ်။ facebook လို ကမ္ဘာမှာ တစ်ကြိမ်တစ်ခါမှ မရှိဖူးသေးတဲ့ အရာမျိုးကို ထူထောင်တဲ့အခါ ပြောစရာ၊ဖွစရာတွေကတော့ ရှိမှာပါပဲ။ ကျွန်တော်တို့ အမှားတွေက သင်ခန်းစာယူတာဟာ အမှားအတွက် တာဝန်ယူတယ်ဆိုတာ ပြည်သူတွေကလည်း သဘောပေါက်သင့်တယ်လို့ ထင်ကြောင်း ပြောသွား ခဲ့ပါ တယ်။ facebook ဟာ မတ်ခ်ဇူကာဘတ် အပါအဝင်တည်ထောင်သူ ၅ ဦးနဲ့ ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာစတင်ထူထောင်ခဲ့တဲ့ အမေရိကန်နိုင်ငံက အများပိုင်လူမှုကွန်ရက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။အခုဆိုရင် ၁၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး မြန်မာပြည်သူတွေ အနှစ်သက်ဆုံး လူမှုကွန်ရက်တစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *