အခန်းပုံကြမ်းတွေကိုပဲသုံးပြီး ဘဏ်က ပိုက်ဆံတွေကို ခိုးထုတ်၊ ဆိုင်ကပစ္စည်းတွေကို ခိုးယူတဲ့ သူ

အခမ်း ပုံကြမ်းတွေသာသုံးပြီး ဒီလိုခိုးယူမှုတွေလုပ်တာ ရိုဒီယိုတစ်ခုတည်းမှာ မဟုတ်ပါဘူး။

အခြားနေရာတွေကို ပစ်မှတ်ထားပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ရှိနေပါတယ်။

ကျွန်တော်တို့အတွက် ခိုးယက်မှုတွေနဲ့ပတ်သက်ပြီး ဇတ်လမ်းတွေ၊ ၀တ္ထုတွေများစွာ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အရမ်းကို အထူးအဆန်းဖြစ်နေတဲ့ပုံပြင်တစ်ခု နဲ့ အလိုရှိနေတဲ့ သူကတော့ မသိမသာနဲ့ ခိုးယူသွားတဲ့ အပြစ်သားပဲဖြစ်ပါတယ်။

ဘာဖြစ် လို့လဲဆိုတော့ သူက Damansara အမြင့်ဆုံးဘဏ်ကနေ ကျော့ကျော့ကလေး ၀င်သွားပြီး ဒေါ်လာ ၁၄၃၀၀၀ ပမာဏရှိတဲ့ ပိုက်ဆံကိုခပ်တည်တည်နဲ့ ယူပြီး ပြန်ထွက်သွားပါတယ်။ သူဘာဖြစ်လို့ဒီလိုလုပ်နိုင်သလဲဆိုတော့ သူ့မှာရိုးရှင်းတဲ့ အစီအစဉ်ရှိနေလို့ပဲဖြစ်ပါတယ်။ Bangar စီးပွားရေးကိုဦးဆောင်တဲ့ ဇီချွန် က ဒီသံသယရှိတဲ့သူက လွန်ခဲ့တဲ့ နှစ် ဒီဇင်ဘာ ၄ ရက်လောက်က သူ့ဆိုင်ကို လာရောက်လည်ပတ်ခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီအချိန်တုန်းက သူဟာ အလုပ်ရှင်နဲ့ အရမ်းကိုခင်မင်ရင်းနှီးတဲ့ ပုံစံနဲ့ ပိုက်ပြင်တဲ့ သူဟန်ဆောင်ပြီး လာခဲ့တာဖြစ်ပါတယ်။ အံသြဖို့ကောင်းတာတစ်ခုက အဲ့အချိန်တုန်းကလည်း သူက အပြာရောင်လက်ပြတ်အင်္ကျီကိုပဲဝတ်ဆင်ပြီး လာခဲ့တာဖြစ်ပါတယ်။ ဘဏ်ထဲကနေပိုက်ဆံယူထုတ်သွားတုန်းကလည်း ဒီအင်္ကျီအရောင်နဲ့ပဲဖြစ်ပါတယ်။

သူသုံးခဲ့တဲ့ နည်းစနစ်တွေအားလုံးဟာ အတူတူပဲဖြစ်ပါတယ်။ အထက်လူကြီးလိုဟန်ဆောင်မယ်၊ ၀င်ခွင့်ရအောင်လုပ်မယ်။ ဘေးပတ်ပတ်လည် သွားမယ်။ ပစ္စည်းတွေကို ယူထုတ်မယ်။ မစ္စတာ ဇီချွန်တုန်းကလည်း ဒီလိုအကွက်သုံးပြီး ဖုန်းတွေကို ယူထုတ်သွားခဲ့ပါတယ်။ ဘဏ်မှာတော့ ရင်းဂစ်ငွေပေါင်း ၆ သိန်းလောက်ကို အလားတူ နည်းလမ်းနဲ့ပဲယူသွားခဲ့ပါတယ်။

Bangsar စီးပွားရေးလုပ်ငန်းရှင်ကတော့ ရဲကိုအကြောင်းကြားခဲ့ပေမယ့် ဘာမှတော့ မထူးခြားလာခဲ့ပါဘူး။ နောက်တစ်ခါ ဒီလိုပုံစံနဲ့လူ၊ ဒီလိုအင်္ကျီအရောင်နဲ့ လူ သာတွေ့ရင်တော့ သေနတ်နဲ့အပစ်ခံရဖို့ဆိုတာသေချာသလောက်ပါပဲ။ သူ့ပုံ ဟာမနေ့ ကသတင်းစာမှာပါလာခဲ့ပါပြီ။

အခုချိန်ထိ ပြစ်မှု သုံးခုကျူးလွန်ထားပေမယ့် တရားခံကတော့ လွှတ်မြောက်နေဆဲပဲဖြစ်ပြီး မစ္စတာ ဇီချွန်တစ်ယောက်သာ ဒီကိစ္စကို ပြည်သူလုထုတွေဆီချပြခဲ့တာဖြစ်ပါတယ်။

ဒီအမှုအတွက် ဓါးပြတိုက်ခံရတဲ့ ဘဏ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။  ရဲတွေရဲ့ ပြောကြားချက်အရတော့ တရားခံ က ဘယ်သူလဲဆိုတာအတိအကျတော့ မသိသေးပါဘူးဆိုတာပါပဲ။

ဆက်ပြေးထားဦးပေါ့ အခန်းပုံကြမ်းနဲ့ သာအစီအစဉ်ချပြီး လုပ်စားနေတဲ့သူကြီးရယ်။

Leave a comment

Your email address will not be published. Required fields are marked *