အချိုရည်တွေမှာ သကြားပမာဏ ဘယ်လောက်ပါဝင်လဲ

ကျွန်ုပ်တို့က အချိုရည်တစ်ဗူးလောက်တော့ နေ့တိုင်းသောက်သုံးနေမိကြပါတယ်။ ဒီအကျင့်က ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာလည်း လူတိုင်းသိကြမှာပါ။ ဒါပေမယ့် အချိုရည်တစ်ဗူးမှာ သကြားပမာဏဘယ်လောက်ပါဝင်လဲဆိုတာ သိကြရဲ့လား?

လေ့လာချက်များအရ ၅၀၀ ml Coke အချိုရည်တစ်ဗူးမှာ သကြား ၅၄ ဂရမ်ပါဝင်ပါတယ်။ Cambridge တက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်သူတွေကလည်း Coke အပါအဝင် အခြားအချိုရေဗူးတွေက ဆီးချိုရောဂါ (၂) မျိုးကို ဖြစ်စေနိုင်ပါတယ်။

ဗြိတိန်နိုင်ငံမှာ လူ (၃) သန်းနီးပါးက အဲ့ဒီဆီးချိုရောဂါ (၂) မျိုးကို ခံစားနေကြရပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဆီးချိုရောဂါခံစားရသူ (၅) သန်းအထိ တိုးမြင့်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

အချိုရည်ကို တစ်လလုံး နေ့စဉ်သောက်သုံးခြင်းက ကိုယ်အလေးအချိန်တက်လာစေရုံသာမ သွေးခုန်နှုန်းကိုလည်း တိုးလာစေတယ်ဆိုတာကို လက်တွေ့ပြသထားတဲ့ Youtube Video တွေလည်း ရှိပါတယ်။

အချိုရည်ဗူးတွေကို စွဲလန်းစွာ သောက်သုံးတာကြောင့် အဝလွန်ခြင်း၊ သွေးပေါင်ချိန်မမှန်ခြင်းနဲ့ ဆီးချိုရောဂါခံစားရခြင်းတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အချိုရေကို နေ့စဉ်သောက်သုံးခြင်းမှာ ရှောင်ကြဉ်ကြဖို့ အကြံပြုလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *