အချိန်တိုင်း စိတ်ခွန်အားတတ်ကြွနေ အောင်ဘာတွေလုပ်သင့်သလဲ?

နေ့တိုင်း ကွန်ပျူတာရှေ့မှာ ထိုင်အလုပ်လုပ်နေရာတာကို ငြီးငွေ့လာပါသလား။ သင်အလုပ်ပြီးရမှာမှန်းသိနေသော်လည်း ပြီးအောင်လုပ်ဖို့ စိတ်ညစ်နေပါသလား။ ဒါဟာ စိတ်ခွန်အားတတ်ကြွဖို့ အားလျော့နေလို့ပဲဖြစ်ပါတယ်။ ယခုကတော့ စိတ်ခွန်အား တက်ကြွစေရန် သင့်ဦးနှောက်ကို လှုံဆောင်ပေးမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

သင့်အတွက် ဘဝရည်မှန်းချက်ကို အမြဲစဉ်းစားနေပါ။ သင်ဟာ ယခုလက်ရှိလုပ်နေတာတွေက နောင်အနာဂတ်ရည်မှန်းချက်အတွက် အခြေခံပဲဆိုတာသိအောင် အမြဲ သင့်ကိုသင့် သတိပေးနေရပါမယ်။

အပိုမတွေးဘဲ လိုအပ်တာသာလုပ်ပါ။ သင်လုပ်နေတာထက် လျှောက်တွေးနေတာဟာ သင့်ကို စိတ်ဖိစီးမှု ပိုပေးနိုင်ပါတယ်။ စိတ်ခွန်အားတွေကိုလည်း ယုတ်လျော့စေပါတယ်။

သင့်ဦးနှောက်ထဲမှာ အလုပ်လုပ်နေရင်း ပေါ်လာတတ်သော အခြားအရာများကို ဖယ်ထုတ်နိုင်အောင် လေ့ကျင့်ထားပါ။ ၎င်းသည် သင့်ကို အလုပ်အပေါ်မှာ အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။

အကောင်းမြင်ဝါဒကို ကျင့်သုံးပါ။ လုပ်ငန်းတစ်ခုကို စတင်ပါက သင်ဟာ ဒါကို မလုပ်နိုင်ပါဘူးဆိုပြီး စတင်လို့မရပါ။ ဘယ်လိုအစကောင်းအောင်လုပ်ပြီး သေချာပြီးပြတ်အောင် ဆောင်ရွက်ဖို့အစီအစဉ်ကြိုဆွဲထားသင့်ပါတယ်။

မှတ်ဉာဏ်တိုးလာအောင် လေ့ကျင့်ပါ။ သင်လုပ်စရာရှိသည်များကို မမေ့မလျော့ပဲ တန်းစီလုပ်ဆောင်သွားကြည့်ပါ။

Leave a comment

Your email address will not be published. Required fields are marked *