အငန်ဓာတ် ဘာကြောင့် လျော့စားသင့်တာလဲ

အငန်ဓာတ်ကို အလွန်အကျွံစားသုံးခြင်းက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိကြရဲ့လား? ဆိုဒီယမ်ဓာတ်ကို အလွန်အကျွံစားသုံးရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

သွေးတွင်းမှာ ဆားပါဝင်မှုက လိုအပ်တာထက်များနေရင် သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါက နှလုံးရောဂါဖြစ်စေနိုင်တဲ့ အဓိကအချက်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံး ရောဂါလည်း ဖြစ်ပါတယ်။

လေ့လာချက်များအရ အသက် (၂) နှစ်နဲ့အထက် ကလေးများအနေနဲ့ တစ်နေ့ကို ဆိုဒီယမ် ၂၄၀၀ မီလီဂရမ်ထက်ပိုမစားသင့်ပါဘူး။ အသက် (၂၀) နှစ်နဲ့အထက်အမျိုးသားတွေကတော့ တစ်နေ့ကို ဆိုဒီယမ် ၄၁၀၀ မီလီဂရမ်သာစားသုံးသင့်ပြီး အသက် (၂၀) နှစ်နဲ့အထက် အမျိုးသမီးတွေကတော့ တစ်နေ့ကို ဆိုဒီယမ် ၃၀၀၀ မီလီဂရမ်သာ စားသုံးသင့်ပါတယ်။ အသက် (၅၀) ကျော်သူတွေကတော့ တစ်နေ့ကို ဆိုဒီယမ် ၁၅၀၀ မီလီဂရမ်ထက်ပိုမစားသင့်ပါဘူး။

ယနေ့ခေတ်မှာ သွေးတိုးရောဂါနဲ့သေဆုံးမှုက အမြင့်မားဆုံးဖြစ်နေပြီး အငန်ဓာတ်လွန်ကဲစွာ စားသုံးခြင်းကတော့ အဓိကတရားခံပါ။ တစ်ချို့လူတွေက အငန်ဓာတ်ကို အလွန် sensitive ဖြစ်ကြပါတယ်။ နေ့စဉ်အစားအစာတွေမှာ ပါဝင်တဲ့ ဆားဓာတ်ပါဝင်မှုပေါ်ကိုလိုက်ပြီး သွေးပေါင်ချိန်က အတက်အကျမြန်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေမှာ အငန်ဓာတ်ပါဝင်မှုလွန်ကဲခြင်းက ကျောက်ကပ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်နိုင်ခြင်းနဲ့ နှလုံးရောဂါရစေနိုင်ခြင်းတွေအထိပါ ဆိုးရွားစေနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ဘဝလူနေမှုပုံစံကို ရရှိစေနိုင်ဖို့အတွက် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ဆားကို လိုအပ်တာထက်ပိုမထည့်ကြဖို့ အကြံပြုလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *