အင်ဒိုနီးရှားက Komodo ကျွန်းကိုသွားရောက်ခွင့်ပိတ်မည့်ဥပဒေကို ပြန်လည်ပြင်ဆင်

အင်ဒိုနီးရှားKomodoDragonတွေနေထိုင်တဲ့ Komodo ကျွန်းသို့ သွားရောက်လည်ပတ်ခွင့်ကို Komodo Dragon များ၏ မျိုးပွားမှုနှင့် ကျန်းမာရေးကြောင့် ဇန်ဝါရီလမှစပြီး တစ်နှစ်တိတိပိတ်မည်ဟု ဇူလိုင်လတုန်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေကို စက်တင်ဘာလ (၃၀)ရက် တနင်္လာနေ့တွင် ပြန်လည်ပြင်ဆင်ကာထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အုပ်ချုပ်သူ Viktor Bungtilu Laiskodat ၏ပြောပြချက်အရ Komodo အမျိုးသားဥယျာဉ်ကို သွားရောက် ခွင့်ပိတ်မှာ မဟုတ်တော့ပဲ အဖွဲ့ဝင်ကြေးအဖြစ် ပြောင်းလဲကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ Komodo အမျိုးသားဥယာဉ် ထဲသို့ လည်ပတ်ချင်လျှင် တစ်နှစ်စာ အဖွဲ့ဝင်ကြေး ‌‌$1000 ကို ပေးသွင်းရမှာဖြစ်ပါတယ်။ အမှန်တကယ် ဆိုလျှင် $1000 ဟာအလွန်နည်းသေးတယ်လို့လည်း ပြောကြားသွားပါတယ်။

ပုံမှန်ဆိုလျှင် Komodo အမျိုးသား ဥယျာဉ်ထဲ သို့ ဝင်ကြေးအဖြစ် တစ်ဦးလျှင် $10 ကောက်ခံခဲ့တာဖြစ်ပါတယ်။ ထိုသို့ကောက်ခံခြင်းကြောင့် လည်ပတ်သူဦးရေဟာ တစ်နှစ်ထက် တစ်နှစ်တိုးလာပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက လည် ပတ်သူ ၄၄၀၀၀ ကျော်ရှိခဲ၌ရာမှ ၂၀၁၈ ခုနှစ် မှာ ၁၇၆၀၀၀ ကျော်အထိ တိုးပွားလာခဲ့တဲ့အတွက် Komodo Dragon တွေရဲ့ မျိုးပွားမှုနှုန်းနှင့် ကျန်းမာရေးကို ထိ ခိုက်လာသဖြင့် ယခုလိုဥပဒေတွေ ထုတ်ပြန်နေရတာဖြစ်ပါတယ်။

Komodo Dragon များဟာ အိမ်မြှောင်မျိုးစိတ်ဖြစ်ပြီး ချွန်ထက်တဲ့သွားများရှိကာ အလွန်အဆိပ်ပြင်းတဲ့ သတ္တဝါ တစ်မျိုးဖြစ်ပါတယ်။ Komodo ကျွန်ပေါ်တွင် Komodo Dragon ၁၇၀၀ လောက်နေထိုင်ပြီး Rinca တွင် ၁၀၀၀ ဝန်း ကျင်လောက်နေထိုင်ကာ ကျန်တာကတော့ အမျိုးသားဥယာဉ်ထဲမှာနေထိုင်ကြပါတယ်။ Komodo ကျွန်းသို့ သွား ရောက်ရန် အဖွဲ့ဝင်ခွင့်ဟာ Premium နှင့် ရိုးရိုးဟူ၍ (၂)မျိုးရှိမှာဖြစ်ပြီး Premium အဖွဲ့ဝင်တွေကတော့ Komodo ကျွန်းသို့ လည်ပတ်နိုင်မှာဖြစ်ကာ ရိုးရိုးအဖွဲ့ဝင်တွေကတော့ အမျိုးသားဥယျာဉ်ထဲရှိ အခြားကျွန်းများကိုသာ လည်ပတ် ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *