အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်သစ်တည်နေရာကို ထုတ်ပြန်ကြေငြာလိုက်ပြီ

လက်ရှိအင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာဟာ စီးပွားရေးမှာရော၊ နေထိုင်မှုမှာရော အလွန်ကို ဖွံ့ဖြိုးတိုးတက် နေတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ သို့သော် ဂျာကာတာအောက်မှာရှိတဲ့ မြေနေရာအရ မြို့တော်ကြီးဟာ တစ်နှစ်ကို ၂၅ စင်တီမီတာ(၁၀လက်မ)နှုန်းဖြင့် မြေကြီးထဲကို နစ်မြုပ်နေတာဖြစ်သောကြောင့် ယခုနေရာတော်တော်များများဟာ ရေမျက် နှာပြင်အောက်ကို ရောက်ရှိနေပြီးဖြစ်ပါတယ်။ ထို့ကြောင့် အင်ဒိုနီးရှား သမ္မတ Joko Widodo ဟာ မြို့တော်ကို နေ ရာရွှေ့ပြောင်းဖို့ရန်အတွက် အကောင်းဆုံးဖြစ်မယ့် နေရာကိုရှာဖွေခဲ့ပါတယ်။ ယခုအခါမှာတော့ မြို့တော်အသစ် ပြန် လည်တည်ဆောက်မယ့် တည်နေရာကို Kalimantan ဒေသအရှေ့ပိုင်းဖြစ်ကြောင်း သမ္မတ Joko Widodo က အခိုင်အမာ ထုတ်ဖော်ပြောကြားလိုက်ပြီးဖြစ်ပါတယ်။

သမ္မတ၏ပြောပြချက်အရ မြို့တော်အသစ်ဟာ ဘော်နီယိုကျွန်းပေါ်ရှိKalimantanဒေသ၏ အရှေ့ပိုင်းမှာ ဖြစ် ကြောင်း သိရပါတယ်။ ထူးခြားချက်ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ အလည်တည့်တည့်မှာတည်ရှိနေပြီး မဖွံ့ဖြိုးသေးတဲ့ Kutai Kertanegara ဒေသနှင့် Penajam Paser Utara ဒေသတို့ရဲ့ အလည်မှာ တည်ရှိနေခြင်းပဲဖြစ်ပါတယ်။ မြို့တော် အသစ်ရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။

မြို့တော်အသစ်တည်ဆောက်မယ့် ကုန်ကျစရိတ်ဟာ အင်ဒိုနီးရှားရူပီ 466 ထရီလီယံ(အမေရိကန်ဒေါ်လာ32.79 ဘီလီ ယံ၊ပေါင်စတာလင် 26.73ဘီလီယံ) လောက်ကုန်ကျမှာဖြစ်ပြီး ထိုနေရာကို ရွေးချယ်လိုက်ခြင်းရဲ့ အဓိကရည်ရွယ်ချက် ကတော့ သဘာဝဘေးအန္တာရယ် ကျရောက်မှု အနည်းဆုံးနေရာဖြစ်သလို မြို့ကြီးများ တစ်ခုနဲ့တစ်ခုကို ဆက် သွယ်ရာ မှာ အဓိကအချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တာကြောင့်ဖြစ်ကြောင်း သမ္မတJokoWidodo က ရှင်းပြခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *