အင်ဒိုနီးရှားရွေးကောက်ပွဲရလဒ်အား ကန့်ကွက်ဆန္ဒပြကြသူများကို ရဲများကတားဆီးရာတွင် (၆)ဦးသေဆုံး

ဧပြီလ ၁၇ရက်နေ့မှာ ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားသမ္မတအသစ် ရွေးကောက်ပွဲရဲ့ ရလဒ်ကို မေလ၂၁ရက်နေ့ အင်္ဂါနေ့ တွင် ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းထုတ်ပြန်ချက်အရ လူပေါင်း ၁၉၂သန်းမဲပေးခဲ့ရာတွင် ၅၅.၅% ဖြင့် သမ္မတအဟောင်း ဖြစ်တဲ့ Joko Widodo ဟာ သူ့ရဲ့ ပြိုင်ဘက် Prabowo Subianto ကိုအနိုင်ရရှိသွားပြီး သမ္မတဖြစ်သွားကြောင်း သိရှိရပါတယ်။ ၎င်းရလဒ်ကို ပြည်သူတွေကမကျေနပ်ပဲ အင်္ဂါနေ့ညနေတွင် ဂျာကာတာမြို့၌ ပြင်းထန်တဲ့ ဆန္ဒပြပွဲကြီး ရုတ်တရက်ဖြစ်ပွားခဲ့ပါတယ်။

အင်္ဂါနေ့ညမှာ ဆန္ဒပြသူများဟာ ကားများကိုမီးရှို့ဖျက်စီးကာ ဆန္ဒပြခဲ့တယ်လို့သိရှိရပါတယ်။ အဲလိုနဲ့ အင်ဒိုရဲများ က လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးများအသုံးပြုခဲ့တယ်လို့သိရပါတယ်။ ဆန္ဒပြသူများကလည်း ရဲများကို မီးရှုးမီးပန်း များ တုတ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာတွင် အခြေအနေတင်းမာသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်တွင် ဒေသတွင်း မီဒီ ယာများ၏ ပြောပြချက်အရ ဆန္ဒပြသူ (၆)ဦးသေဆုံးခဲ့ပြီး အယောက် ၂၀၀လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။ သေဆုံးသွားသောလူတစ်ချို့တွင် သေနတ်ဒဏ်ရာကိုလည်း တွေ့ခဲ့ရတယ်လို့သိရပါတယ်။

အင်ဒိုရဲဌာနကတော့ ၎င်းသေဆုံးမှုဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း သူတို့အနေဖြင့် သေနတ်ကိုအသုံးပြုခဲ့ခြင်း မရှိ ကြောင်း ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။ ဆန္ဒပြသူများက ၎င်းတိုက်ခိုက်မှုကြောင့် မကျေနပ်မှုပိုမိုပြင်းထန်သွားပြီး ဗုဒ္ဓဟူးနေ့မနက်တွင် လူများပြန်စုပြီး ဆက်လက်ဆန္ဒပြဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ အင်ဒိုဘက်ကလည်း ၎ င်းဆန္ဒပြသူများကို တားဆီးဖို့အတွက် စစ်သား ၃သောင်းကို ဗုဒ္ဓဟူးနေ့တွင် ဂျာကာတာမြို့ထဲသို့ပို့ထားပြီးဖြစ်ကြောင်း သိ ရှိရပါတယ်။အင်ဒိုရဲ့ ရွေးကောက်ပွဲကို အခြေခံတဲ့ ပြည်တွင်းမီးဟာ ဘယ်လောက်အထိလောင်ကျွမ်းပြီး ဘယ်လောက်ထိ ဆိုးဝါးလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *