အင်ဒိုနီးရှား ကောင်းကင်တစ်ခုလုံး အနီရောင်းလွှမ်းသည်အထိ မြူများကျခဲ့

ပြီးခဲ့တဲ့ အပတ်အကုန်လောက်တွင် အင်ဒိုနီးရှားJambi ဒေသတွင် မြူများအလွန်ကျခဲ့ပါတယ်။ ထိုမြူများဟာ အမေ ဇုန်တောမီးလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မြူများဖြစ်တယ်လို့သိရပါတယ်။ မြူများဟာ သာမန်မဟုတ်ဘဲ Jambi ဒေသ တစ်ခုလုံးကို သွေးများလွှမ်းသွားသကဲ့သို့ ကောင်းကင်ကြီးတစ်ခုလုံး အနီရောင်လွှမ်းသွားခဲ့ပါတယ်။ ထိုသို့ ကောင်းကင် တစ်ခုလုံး နီနေတဲ့ဓာတ်ပုံများကို ဒေသခံများက ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်သို့တင်ခဲ့ကြပါတယ်။

ဓာတ်ပုံများအရ မြူများကျတဲ့အချိန်ဟာ စက်တင်ဘာလ (၂၁)ရက် စနေနေ့ နေ့လည်ပိုင်းလောက်မှာ ဖြစ်တယ်လို့ သိရပါ တယ်။ Jambi ဒေသ၊ Mekar Sari ကျေးရွာရှိ ဒေသခံဖြစ်သူ Eka Wulandari ၏ ပြောပြချက်အရ ထိုမြူများဟာ တစ်နေ့လုံး ပိတ်နေခဲ့တယ်လို့လည်းသိရပါတယ်။ မိုးလေဝသ ကျွမ်းကျင်သူများကတော့ ထိုသို့အနီရောင်များဖြစ်သွား ရခြင်းဟာ Rayleigh scattering လို့ခေါ်တဲ့ နေဝင်ဆည်းဆာအချိန်တွင် နေမှဖြာထွက်လာတဲ့ အနီရောင်အလင်းနဲ့ ဆင်တူတယ်လို့ ပြောပါတယ်။

ထိုသို့ကောင်းကင်ကြီးနီနဲ့တဲ့ပုံကို အသက် (၂၁)နှစ်အရွယ်ရှိ Facebook အသုံးပြုသူက Facebook ပေါ်တွင် တင်ခဲ့ ရာ share ပေါင်း ၃၄၀၀ ကျော်ရခဲ့တယ်လို့သိရပါတယ်။ Twitter အသုံးပြုသူ Zuni Shofi Yatun Nisa ကလည်း Video ရိုက်ပြီး ဒါဟာ Mars ဂြိုလ်မဟုတ်ပါဘူး Jambi ဒေသဖြစ်တယ်လို့ ရေးပြီး တင်ခဲ့ပါတယ်။ ထိုမြူများဟာ တနင်္လာ နေ့အထိကို နေရာအတော်အများမှာ ကျန်ရှိနေသေးတယ်လို့သိရပါတယ်။

အင်ဒိုနီးရှား အမျိုးသားဘေးအန္တာရယ်ကာကွယ်ရေး အေဂျင်စီကတော့ အင်ဒိုနီးရှားမှာ မြူကျခြင်းဟာ နှစ်စဉ်ဇူ လိုင်လနှင့် အောက်တိုဘာလတွင် အဖြစ်များပြီး ဒီနှစ်မှာတော့ အများဆုံးဖြစ်ကာ 328,724 ဟက်တာ လောက်ကို မြူ များဖုန်းလွှမ်းသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုသို့ မြူများရခြင်းဟာ တောမီးလောင်မှုအပြင် စက်မှုလုပ်ငန်းများ နှင့် အသေးစားလယ်သမားများက သူတို့ရဲ့လယ်ကို မီးရှို့ကာပြုပြင်မှုတို့ကြောင့်လည်း ပါဝင်တယ်လို့ အပြစ်တင် ပြော ဆိုခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *