အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဓားထိုးခံရ

အောက်တိုဘာလ (၁၀)ရက် ကြာသပတေးနေ့က အင်ဒိုနီးရှားရဲ့ လုံခြုံရေးဝန်ကြီးဖြစ်သလို အရင်သမ္မတလောင်း ဖြစ်တဲ့Wiranto ဟာ Banten နယ်မြေ၌ ကားပေါ်မှအဆင်းတွင် ဓားဖြင့်ထိုးခြင်းခံခဲ့ရပါတယ်။ တရားခံဟာ Wiranto ကို အစာအိမ်ရှိရာဘက်သို့ ၂ချက်တိတိ အတွင်းနက်ထဲထိ ထိုးသွင်းခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် Wiranto ကို Jakartaရှိ ဆေးရုံသို့ လေယာဉ်ဖြင့် ချက်ချင်းခေါ်ဆောင်သွားခဲ့ရပါတယ်။

တိုက်ခိုက်မှုကြောင့် ရဲတစ်ဦးနှင့် အခြား (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးတို့ကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။ ထိုသို့လုပ်ကြံခြင်းကို IS အစွန်းရောက်အဖွဲ့ဝင်ဖြစ်တဲ့ JAD အဖွဲ့ များက ပြုလုပ်တာဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

JAD အဖွဲ့ဟာ ၂၀၁၈ခုနှစ်တုန်းက church ကျောင်းကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး (၁၃)ဦး သေဆုံးခဲ့ပါတယ်။ ထို အမှုဖြစ်ပွားပြီးကတည်းက အင်ဒိုမှာ အဆိုးဆုံးသော တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ထားတာဖြစ်ပါတယ်။ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ Stanis Riyanta က ယ ခုအတိုင်းဆိုလျှင် အောက်တိုဘာလ (၂၀)ရက်တွင် နောက်ထပ်တစ်ကြိမ် အကြမ်းဖက်မှုကြုံလာနိုင်တယ်လို့ ကြို တင်ခန့်မှန်းကာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလက Jakarta တွင် ဖြစ်ပွားခဲ့သော သမ္မတအား ဆန္ဒပြပွဲတွင် အနည်းဆုံး (၆)ဦး သေဆုံးပြီးကတည်းက Wiranto နှင့် အခြား အရာရှိ (၃)ဦးတို့ဟာ လုပ်ကြံခံရမယ့် စာရင်းထဲမှာပါနေတာကို ရဲများက သိပြီးသား ဖြစ်သော် လည်း အခုလို မြန်မြန်လုပ်ကြံလိမ့်မယ်လို့ မထင်ထားတဲ့အတွက် အခုလိုအခြေအနေအထိ ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ သို့သော် Wiranto အနေဖြင့် ဆိုးဆိုးဝါးဝါးထိခိုက်ခြင်းမရှိခဲ့ပဲ ယခုမှာတော့ အခြေအနေတွေ အားလုံး တည်ငြိမ်သွားပြီလို့လည်း သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *