အင်ဒိုရဲများက ရှားပါး Komodo dragon များကို မှောင်ခိုသွင်းလာသောအဖွဲ့အားဖမ်းမိ

မတ်လ ၂၇ရက် ဗုဒ္ဓဟူးနေ့က Java အရှေ့ပိုင်းရှိ Semarang နဲ့ Surabaya တွင် မှောင်ခိုတင်သွင်းမှုနဲ့ ပတ် သက်ပြီး သံသယရှိသူ ၅ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ၎င်းသံသယရှိသူများနှင့်အတူ Komodo dragon များကိုပါ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရားခံများ၏ပြောကြားမှုအရ Komodo dragon စုစုပေါင်း၄၁ကောင်ကို မှောင်ခိုတင်သွင်းမှာဖြစ်ကြောင်းနဲ့ တစ် ကောင်ကို ဒေါ်လာ1,400 ဖြင့် ရောင်းချမှာဖြစ်ကြောင်းသိရှိရပါတယ်။ Komodo dragon တွေဟာ အိမ်မြှောင် မျိုးစိတ်ထဲမှာ ပါဝင်ပြီး ၎င်းမျိုးစိတ်ထဲမှာ အကောင်အကြီးဆုံးဖြစ်ပါတယ်။ Komodo dragon အကောင်ကြီး တစ် ကောင် ဟာ ၃မီတာ (၁၀ပေ) အထိရှိနိုင်ပါတယ်။ ၎င်းတို့မှာ ချွန်ထက်တဲ့ သွားတွေရှိပြီး အဆိပ်ရှိသတ္တဝါ ဖြစ်ပါတယ်။ Komodo dragon တွေဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့် ရှားပါးမျိုးစိတ်ထဲမှာ ပါဝင်တဲ့အပြင် အပြည် ပြည်ဆိုင်ရာ ဥပဒေအရကာကွယ်ပေးထားတယ်လို့ သိရပါတယ်။ Komodo dragon မျိုးစိတ်တွေကို များသောအားဖြင့် အင်ဒိုနီးရှား ကျွန်းဆွယ်တွေမှာတွေ့ရတတ်ပါတယ်။

အင်ဒိုရဲများ၏ပြောပြချက်အရ တရားခံများဟာ Komodo dragon များကို Facebook လူမှုကွန်ရက်ပေါ်မှာ တင်ပြီး ရောင်းချမှာဖြစ်ကြောင်းနဲ့ အမှုကွင်းဆက်ကို လိုက်ရာမှ bearcats၊ cockatoos၊ cassowary birds များကို လည်း ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *