အင်္ဂလန် Blenheim နန်းတော်ထဲမှ ရွှေနဲ့လုပ်ထားတဲ့ ဗိုလ်ထိုင်အိမ်သာကို ခိုးယူမှုဖြစ်ပွား

စက်တင်ဘာလ (၁၄)ရက် စနေနေ့တွင် အင်္ဂလန်နိုင်ငံ Oxfordshire မှာရှိသော Blenheim နန်းတော်အထဲ၌ ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုဖောက်ထွင်းမှုကြောင့် ရွှေ 18 ကာရက်နဲ့ ဖြစ်လုပ်ထားသော ရွှေသားအတိ ဗိုလ်ထိုင်အိမ်သာတစ်လုံး ခိုးခံလိုက်ရတယ်လို့ Thames Valley ရဲများ၏ပြောပြချက်အရ သိရပါတယ်။

၎င်း ဗိုလ်ထိုင်အိမ်သာဟာ အီတလီအနုပညာသမား Maurizio Cattelan ပြုလုပ်ထားတာဖြစ်ပြီး စက်တင်ဘာလ (၁၂)ရက်နေ့ကမှ Blenheim နန်းတော်ထဲတွင် စတင်ပြသခဲ့တာဖြစ်ပါတယ်။ သို့သော် စက်တင်ဘာလ (၁၄)ရက် ဗြိတိ သျှ စံတော်ချိန် 04:50  မှာတော့ ဖောက်ထွင်းခံလိုက်ရတာဖြစ်ပါတယ်။ ထိုဖောက်ထွင်းမှုကို လူဆိုးဂိုဏ်း တစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး တရားခံများကိုတော့ ဖမ်းဆီးလို့မရသေးပေမယ့် သံသယရှိတဲ့ အသက် (၆၆)နှစ်အရွယ် အမျိုး သား တစ်ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Blenheim နန်းတော်ဟာ သမိုင်းဝင် အနုပညာလက်ရာများကို ပြသနေတဲ့ ၁၈ရာစု လက်ရာတစ်ခုဖြစ်ပြီး ကမ္ဘာ့ ယဉ် ကျေးမှုအမွေအနှစ်နေရာတစ်ခုဖြစ်သလို ဝန်ကြီးချုပ်ဟောင်း ဆာ ဝင်စတန်ချာချီရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။ ယခု လိုမျိုး ဖောက်ထွင်းမှုခံလိုက်ရသဖြင္႔ ဝေဖန်သူများကတော့ Blenheim နန်းတော်၏ လုံခြုံရေးဟာအလွန် ညံ့နေလို့ ဖြစ်ရမယ်လို့ ပြောဆိုနေကြပါတယ်။ လက်ရှိမှာတော့ ဖောက်ထွင်းမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ် နေတဲ့အတွက် နန်းတော်ကို ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *