အငြိမ်းစားသက်တမ်းကို တိုးမယ့်အစီအစဉ်ကြောင့် ရုရှားပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ

ရုရှားအစိုးရက ပင်စင်ပေးမယ့် သက်တမ်းကို တိုးမြှင့်ဖို့ အဆိုပြုလိုက်တာကြောင့် ရုရှားနိုင်ငံတစ်ဝန်းက ပြည်သူ ထောင်ပေါင်းများစွာဟာ အစိုးရကို ဒေါသထွက်ပြီး စုဝေးဆန္ဒပြခဲ့ကြကြောင်းသိရပါတယ်။မြို့တော်မော်စကိုမှာ ဆန္ဒပြကြ တဲ့လူအုပ်ကြီးဟာကျုပ်တို့ပင်စင်စားချင်တယ်။အလုပ်မှာမသေချင်ဘူး ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်၊ရုရှားအစိုးရဟာ လုပ်အား ကျဆင်းလာမှုကို အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီး အမျိုးသားတွေရဲ့ အငြိမ်းစားအသက်ကို ၆၀မှ ၆၅နှစ်နဲ့ အမျိုးသမီးတွေကို ၅၅နှစ်က ၆၃ နှစ်အထိတိုးမြှင့်သွားလိုကြောင်းပြောပါတယ်။ဒါပေမဲ့ အလုပ်သမားအဖွဲ့ချုပ် Trade Union ကတော့ အလပ်သမားတွေဟာ ပင်စင်စားရတဲ့ အထိအသက်ရှည်ကြမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့သတ်မှတ်ချက်အရ ရုရှားအမျိုးသားတွေရဲ့ သက်တမ်းဟာ ၆၆နှစ်ရှိပြီး အမျိုးသမီး တွေရဲ့သက်တမ်းကတော့၇၇နှစ်ထိရှိပါတယ်။
မော်စကိုလိုမြို့တော်မှာ လူပေါင်း ၁၂၀၀၀ ဆန္ဒပြတယ်ဆိုတာ မများလွန်းပေမယ့် ဒီဆန္ဒပြမှုဟာ ပင်စင်သက်တမ်း ပြန်လည်ပြုပြင်ဖို့နဲ့ပတ်သက်ပြီး မော်စကိုရဲ့ အကြီးဆုံးဆန္ဒပြပွဲဖြစ်ပါတယ်။ ယနေ့ စနေနေ့မှာ CPRF ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Gennady Zyuganov က အစိုးရရဲ့ ပင်စင် အစီအစဉ်နဲ့ မော်စကိုမှာ စုဝေးကြသူတွေက ကျွန်တော်တို့ နိုင်ငံသားတိုင်းကို ရိုက်ခတ်စေပါတယ်လို့ AFP သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေက အစိုးရအနေနဲ့ လူချမ်းသာတွေဆီက ပိုက်ဆံကိုသာယူသင့်ပြီး ဆင်းရဲ့တဲ့ အလုပ်သမားတွေရဲ့ ပိုက်ဆံကို မယူသင့်ပါဘူးလို့ ဆိုပါတယ်။ သမ္မတပူတင်ဦးဆောင်တဲ့ United Russia Party က ထောက်ခံထားတဲ့ ဒီပင်စင်အစီအစဉ်ကို လူသုံးသန်းက စုပေါင်း လက်မှတ်ထိုးပြီး အသနားခံထားတယ်လို့လည်းသိရပါတယ်။ သမ္မတပူတင်ဟာ မတ်လပြန်လည် ရွေးကောက်ပွဲ မတိုင် ခင်က ဒီပင်စင်သက်တမ်းပြောင်းလဲဖို့ကိစ္စကို ဖေါ်ထုတ်ပြောဆိုခဲ့တာမရှိခဲ့ပါဘူး။VTsIOM ရဲ့ စာရင်းကောက်ယူ မှုအရ ဒီလမှာ သမ္မတပူတင်အပေါ် အများယုံကြည်ထောက်ခံမှုဟာ ၈၀% ကနေ ၆၄% အထိကျဆင်း သွား ကြောင်း သိရ ပါတယ်။
Source:BBC

Leave a comment

Your email address will not be published. Required fields are marked *