အစ္စရေးက ဆီးရီးယားအတွင်းရှိ အီရန်ကျောထောက်နောက်ခံစခန်း၏ လက်နက်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်

အီရန်ရဲ့ မောင်းသူမဲ့ ဒရုန်းငယ်တစ်စင်းဟာ အစ္စရေးရဲ့ ဝေဟင်ပိုင်နက်ထဲကို ရောက်လာတဲ့ အတွက် ဆီးရီးယားသူပုန်များက ပစ်ချလိုက်ရာ အစ္စရေးပိုင်နက် နယ်ပယ်ထဲသို့ ကျသွားခဲ့ပါတယ်။ ထိုကြောင့် အစ္စရေး လေတပ်က ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန် ကျောထောက်နောက်ခံပေးနေတဲ့ စစ်စခန်းက လက်နက်ရုံတွေကို F-16 တိုက်လေယာဉ် ၈စင်းဖြင့် ဝင်ရောက် ဗုံးကြဲခဲ့ပါတယ်။

ထိုသို့ ဗုံးကြဲပြီးအပြန်မှာ အီရန်ကျောထောက်နောက်ခံပြုတဲ့ စခန်း၄ခုနဲ့ ဆီးရီးယား လေးကြောင်းစခန်း ၈ခုကို ရင်ဆိုင်ပြီး အစ္စရေး စခန်းသို့ ပြန်လာရာတွင် ဆီးရီးယားဘက်က ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ အစ္စရေးဘက်ကပြောပါတယ်။ သို့သော် ဆီးရီးယားကတော့ ၂စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆီးရီးယားနိုင်ငံထဲမှာ အီရန်တွေ စစ်ရေးခြေကုတ်ယူထားတာဟာ အန္တရာယ်ကြီးတယ်လို့ သူသတိပေးခဲ့ဖူးကြောင်း ပြောပါတယ်။ အီရန်ဟာ အစ္စရေးကို တိုက်ခိုက်ဖျက်ဆီးဖို့ ဆီးရီးယားနယ်မြေကို အသုံးပြုနေတာ ဖြစ်ကြောင်း ဒီမနက်မှာ အီရန် ဒရုန်းလေယာဉ်ငယ်ဟာ အစ္စရေး အချုပ်အချာ အာဏာကို ကျူးကျော်ခဲ့တာကိုကြည့်ရင် သူ့သတိပေးချက်ဟာ ရာနှုန်းပြည့်မှန်ကန်နေတယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရန်အတွက် အီရန်က ကူညီးပေးနေသလို ဆီးရီးယားကို ကူညီပေးနေတဲ့ ဟစ်ဇဘိုလာ တွေကိုလည်း အီရန်က လက်နက်အကူအညီပေးနေတာဖြစ်ပါတယ်။ အစ္စရေးက အခုလို ဆီးရီးယားကို အီရန်အကူညီပေးနေတာဟာ ဆီးရီးယားထဲမှာ အီရန် စစ်စခန်းအခြေစိုက်သွားနိုင်တဲ့အတွက် စိုးရိမ်နေပါတယ်။ နိုင်ငံတကာကတော့ အခုလို ဆီးရီးယားအရေးအခင်းမှာ အစ္စရေးပါဝင်လာတဲ့အတွက် ပိုမိုရှုပ်ထွေးလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

တိုက်ခိုက်မှုအပြီးမှာ ယခုလို ရုရှားနဲ့ ဆီးရီးယားတို့ ထိပ်တိုက်တိုးမှု အသစ်တွေ ထပ်ပြီး မဖြစ်ရလေအောင် ရှောင်ကြဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ကို ဖုန်းဆက် ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ကတော့ အီရန်က ဆီးရီးယားမှာ စစ်အခြေစိုက်စခန်းလုပ်မှာကို လက်မခံနိုင်ဘူးလို့ ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်ကတော့ အစ္စရေးရဲ့ စိုးရိမ်ပူပန်မှုကို သူတို့အနေဖြင့် မျှဝေနားလည်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published.