အတိုက်အခံခေါင်းဆောင် နာဗာလ်နီသည် ပြစ်မှုတွေကြောင့် သမ္မတရွေးကောက်ပွဲဝင်ခွင့်ပိတ်ခံရ

ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင်သည် အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီကို သမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

နာဗာလ်နီဟာ သမ္မတပူတင်ကို ဝေဖန်လေ့ရှိတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်။ ရုရှားရွေးကောက်ပွဲကော်မရှင်ကတော့ မဲပေးရွေးချယ်ရာမှာ သူသည် အရင်ကကျူးလွန်ခဲ့တဲ့ အပြစ်တွေကြောင့် ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမပြည့်မှီတာကြောင့် ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အလက်ဆီ ကျူးလွန်ခဲ့သောပြစ်မှုတွေဟာ ပြစ်မှုကြီးတွေဖြစ်ပြီး ထိုပြစ်မှုတွေကို ကျူးလွန်သူသည် ရုရှားသမ္မတရာထူး ဝင်ရောက် အရွေးခံပိုင်ခွင့်ကို တားမြစ်တဲ့ ပြစ်မှုတွေဖြစ်တယ်” လို့ ရုရှား ဗဟိုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘောရစ် ဆလပ်ဗဆီယော့က ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီက “ယခုကိစ္စသည် ကျွန်တော့် ကိစ္စမဟုတ်ပါ ၊ ရုရှားနိုင်ငံရှိ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို ပွင့်လင်းစွာပြောကြားမယ့် သမ္မတလောင်းတစ်ဦးလိုနေတဲ့ ကိစ္စ ၊ ထိုသူဟာ ရုရှားနိုင်ငံမှာဖြစ်နေတာတွေကို ပွင့်လင်းစွာပြောကြားမည့်သူ ရုရှားရဲ့ အနာဂတ် ကင်းမဲ့နေမှု ဆင်းရဲနွမ်းပါးကြောင်း အစစ်မှန် အခြေနေတွေကို ရိုးရိုးသားသားပြောမယ့်သူပါ။ ကျွန်တော်သည် ဒီလို ကိစ္စတွေကိုလုပ်ခဲ့တာပါ။ အဲဒါကြောင့်လဲ သမ္မတရွေးကောက်ပွဲဝင်ခွင့်ကို မလိုလားခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

အလက်ဆီနာဗာလ်နီသည် အသက်၄၁နှစ်ရှိပြီး လူအများ စုရုံးစေဖို့ အကြိမ်ကြိမ်လှုပ်ဆော်မှုနှင့် ဥပဒေချိုးဖောက်မှုတွေကြောင့် ယခုနှစ်အတွင်းမှာပဲ ထောင်ဒဏ် ၃ ကြိမ် ကျခံခဲ့ရတယ်လို့လဲသိရှိရပါတယ်။

လာမည့် သမ္မတရွေးကောက်ပွဲတွင်လဲ ပြည်သူတွေရဲ့ သဘောထားအရ လက်ရှိသမ္မတ ပူတင်ပဲ ပြန်လည်အရွေးခံရဖို့ ရှိနေတယ်လို့လဲ ကြားသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *