အတ္တလန်တိတ် သမုဒ္ဒရာကို ၄ လတိတိ စည်ပိုင်းဖြင့် ဖြတ်ကူးခဲ့တဲ့ အသက် ၇၁နှစ်အရွယ်အဖိုးအို

၂၀၁၈ ဒီဇင်ဘာလ ၂၆ရက်နေ့ကတည်းက အာဖရိကရှိ Canary Islands ကနေ အင်ဂျင်မပါ၊ လှော်တက်မပါ၊ ပဲ့ထိန်း မပါတဲ့ စည်ပိုင်းကြီးနဲ့ Atlantic သမုဒ္ဒရာကြီးကို ဖြတ်ကူးပြီး အမေရိကန်ရှိ Caribbean သို့ ခရီးနှင်ခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် ပြင်သစ်အဖိုးအို Jean-Jacques Savin ဟာ မေလ ၃ရက် သောကြာနေ့တွင် သူ၏ခရီးစဉ်အောင်မြင်စွာ ပြီး ဆုံးသွားပြီဖြစ်ပါတယ်။ Savin ဟာ Caribbean ပင်လယ်ထဲကို သောကြာနေ့ ညနက်ပိုင်းမှာရောက်ခဲ့ပြီး သူ့ကို MT Maritime Kelly Anne ကစတင်တွေ့ရှိခဲ့ပြီး သူ၏လှေဖြင့် Savinရဲ့ စည်ပိုင်းကို ကြိုးဖြင့်ချည်ကာ St. Eustatius ကျွန်းသို့ ခေါ်ဆောင်လာခဲ့တယ်လို့ သိရှိရပါတယ်။

အသက် ၇၁နှစ်အရွယ်ရှိပြီးဖြစ်တဲ့ Savin ဟာ စည်ပိုင်းကြီးကို သူကိုယ်တိုင်ပြုလုပ်ပြီး ခရီးနှင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ စည်ပိုင်းဟာ ၁၀ပေရှည်ပြီး ၇ပေအကျယ်ရှိပါတယ်။ ၎င်းစည်ပိုင်းကြီးထဲမှာ သူ့တစ်ယောက်စာ အိပ်လို့ရတဲ့ အိပ်ရာ၊ ဟင်းချက်ဖို့  မီးဖိုငယ်လေးတစ်ခုနှင့် ပစ္စည်းတွေသိမ်းဖို့ Store ခန်းလေး တစ်ခုပါဝင်ပါတယ်။ Savin ဟာ ၁၂၈ ရက် တိတိ သမုဒ္ဒရာထဲမှာ တစ်ဦးတည်းနေခဲ့သူဖြစ်ပါတယ်။ သင်ဆိုရင်ရော သမုဒ္ဒရာထဲမှာ ၁၂၈ရက်တိတိ တစ်ယောက် တည်း ရှင်သန်နိုင်ပါ့မလား။ အသက် ၇၁နှစ်အရွယ် Savin ကတော့ ၎င်းစိန်ခေါ်မှုကို အောင်မြင်စွာဖြတ်ကျော် နိုင်ခဲ့ ပြီးဖြစ်ပါတယ်။ Savin ဟာ သူ့ရဲ့အသက်ရှင်သန်မှုအတွက် သမုဒ္ဒရာထဲရှိငါးများကို စားသုံးပြီးနေထိုင်ခဲ့ပါတယ်။ ည ဘက်မှာ မီးအလင်းရောင်ရရှိရေးအတွက် Sola စနစ်ကို အသုံးပြုခဲ့တယ်လို့သိရပါတယ်။

Savin ဟာ ၂၀၁၉ခုနှစ်ထဲမှာ မေလ၃ရက်နေ့မှ မြေကြီးပေါ်ကို ခြေချခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ Savin ကို St. Eustatius ရှိ Scubaqua Dive အဖွဲ့ချုပ်က ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး St.Eustatius ကျွန်းရှိ နာမည်ကြီး Old Gin House ဟိုတယ်တွင် အခန်းတစ်ခန်းစီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ Savin ဟာ ယခုလို စွန့်စားခန်း ထွက် ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သလို သူ့ဘဝတစ်လျှောက်လုံးကို စွန့်စားမှုတွေနဲ့ အချိန်ကုန်ခဲ့သူတစ်ဦး ဖြစ်ပါ တယ်။ သူဟာ အရင်က စစ်တပ်ထဲမှာ လေထီးခုန်ခြင်း၊ တစ်ကိုယ်တော် လေယာဉ်မောင်းခြင်းတို့ကို လုပ်ခဲ့တဲ့အပြင် ၂၀၁၅ ခုနှစ်ကလည်း ရုရှားရှိ Alps တောင်တန်းထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ပေ ၁၅၇၇၇ ရှိတဲ့ Blanc တောင်ပေါ်ကို တစ်ဦးတည်း တက်ခဲ့ပါသေးတယ်။ Savin ကို လူတွေက ယခုအချိန်မှာ Real Adventure လို့ တင်စားခေါ်ဝေါ် နေကြ ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.