အထုပ်တစ်ထုပ်ကြောင့် ဘာလင်ရှိ ခရစ္စမတ်ဈေးနဲ့ လူတွေပြောင်းရွေ့ခဲ့ရ

ဂျာမနီနိုင်ငံမြို့တော် ဘာလင်အနားက ပို့စ်ဒမ်မြို့တွင် မသင်္ကာစရာ အထုပ်တစ်ထုပ်ကို တွေ့ရှိသောကြောင့် ခရစ္စမတ်ဈေးနဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ရဲတွေက ဘေးကင်းရာသို့ပြောင်းရွေ့ခဲ့ပါတယ်။

ဈေးထဲရှိ ဆေးဆိုင်တစ်ဆိုင်ကို ထိုမသင်္ကာစရာအထုပ်ကို ပို့ခဲ့တာလို့ ဒေသခံသတင်းစာက ဖော်ပြခဲ့ပါတယ်။ ထိုသံသယဖြစ်စရာအထုပ်ကို စစ်ဆေးဖို့အတွက် ပြောင်းရွေ့တာတွေ လုပ်ခဲ့ရတာပါလို့ ဒေသခံရဲက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့ပါတယ်။

ထိုအထုပ်သည် အလျား ၅၀နဲ့ အနံ ၄၀ စင်တီမီတာရှိပြီး ဆေးဆိုင်ဝန်ထမ်းက အထုပ်ကိုဖွင့်ကြည့်ချိန်မှာ သံသယဖြစ်ဖွယ်ရာ ဝါယာတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တွေ့ခဲ့ပါတယ်။ ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီခွဲမှာ ရဲတွေက တပ်လှန့်ထားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁နှစ်နီးပါးလောက်တုန်းက ကုန်ကားတစ်စီးကိုအပိုင်စီးပြီး ကားမောင်သူကိုသတ်ဖြတ်ကာ တူနီးရှား အစ္စလာမ္မစ် တစ်ယောက်က ဘာလင်မြို့က ခရစ္စမတ် ဈေးကိုဝင်တိုက်ခဲ့သောကြောင့် လူ ၁၁ ယောက်ကျော် သေဆုံးခဲ့ရပါတယ်။ ထို့ကြောင့် အလားတူ တိုက်ခိုက်မှု ထပ်မဖြစ်ရအောင် တပ်လှန့်ထားခဲ့ခြင်းဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *