အန္တရာယ်ရှိသော မီးဖိုချောင်ထဲက ပစ္စည်းများ

အိမ်ရှင်မများအနေဖြင့် မီးဖိုချောင်ထဲမှာရှိတဲ့ လူကို အန္တာရယ်ဖြစ်နေနိုင်သော အရာများကို သိထားမှ အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် မီးဖိုချောင်ထဲက ဘယ်လိုပစ္စည်းတွေက အန္တာရယ်ဖြစ်စေနိုင်သလဲဆိုတာ လေ့လာကြည့်ကြရအောင်ဗျာ။

ပလက်စတစ်ဘူးများ

အစားအစာတွေကို ပလက်စတစ်ဘူးထဲထည့်ပြီး သိမ်းဆည်းထားခြင်းက အရမ်းကိုအန္တရာယ်များပါတယ်။ ပလက်စတစ်က ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး အဆိပ်အတောက်တွေဖြစ်စေနိုင်ပါတယ်။

ပန်းကန်ဆေးစင်က ချေးညှော်များ

ပန်းကန်ဆေးတဲ့နေရာမှာ ကပ်ငြိနေတဲ့ချေးတွေကနေတစ်ဆင့် လက်မှာကပ်ငြိနေတတ်သော ဘက်တီးရီးယားတွေ၊ မှိုတွေကနေ ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

ဓါးများ

မီးဖိုချောင်ထဲက အန္တရာယ်အရှိဆုံးအရာတွေကတော့ ချွန်ထက်နေတဲ့ဓါးတွေပါ။ ထိခိုက်ဒဏ်ရာတွေမဖြစ်ပွားရအောင် ဓားတွေကို သေချာသိမ်းဆည်းပါ။

ပန်ကန်ဆေးဖေါ့ပြားများ

ရေအမြဲစိုနေတဲ့ပန်းကန်ဆေးဖေါ့ပြားတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားမှုက အရမ်းများပါတယ်။ ဒါကြောင့် ပန်းကန်ဆေးတဲ့ဖေါ့ပြားတွေကိုလည်း သန့်ရှင်းနေအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

လက်သုတ်ဝတ်များ

လက်သုတ်ဝတ်တွေက မီးဖိုချောင်ထဲမှာ အညစ်ပတ်ဆုံးပစ္စည်းတွေပါ။ ဒါကြောင့် လက်သုတ်ဝတ်တွေရဲ့ သန့်ရှင်းရေးကိုလည်း အမြဲဂရုစိုက်နေဖို့ လိုအပ်ပါတယ်။

ဂတ်စ်မီးဖို

ဂတ်စ်မီးဖိုကလည်း မီးဖိုချောင်ထဲမှာ အန္တရာယ်အရှိဆုံးပါ။ ဂတ်စ်မီးဖိုမပိတ်ဘဲ အိပ်မိရင် အသက်ရော၊ ပစ္စည်းဥစ္စာတွေပါ ဆုံးရှုံးနိုင်တာကြောင့် အထူးဂရုပြုဖို့လိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *