အန်စာတုံးလေးတွေရဲ့ မူလအစ

မူလအစမှာ အန်စာတုံးလေးတွေကို များသောအားဖြင့် board game တွေမှာ တွဲဖက်ကစားစရာတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။Senet ဂိမ်းဟာ အန်စာတုံးနဲ့ဆော့တဲ့ဂိမ်းအဖြစ် သက်သေပြနိုင်တဲ့ ရှေးအကျဆုံးဂိမ်းတစ်ခုပါ။ အဲ့ဒီအန်စာတုံးတွေက အရိုးတွေ၊ သစ်ကိုင်းတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး မျက်နှာပြင် နှစ်ဖက် ဒါမှမဟုတ် လေးဖက်မှာပဲ အမှတ်အသားတွေရှိပါတယ်။

ရှေးအကျဆုံးအန်စာတုံးတွေကိုတော့ ကြေးစတင်သုံးစွဲတဲ့ခေတ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရောမခေတ်မှာတော့ အန်စာတုံးတွေက လောင်းကစားပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ ရောမခေတ်မှာ အန်စာတုံးတွေကို အရိုး၊ ဆင်စွယ်၊ ကြေး၊ မဟူရာ၊ စကျင်ကျောက်စတာတွေနဲ့ ပြုလုပ်ကြပါတယ်။ အနားအဖက် (၂၀) ပါတဲ့ အန်စာတုံးလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ယခုခေတ်မှာအသုံးပြုနေတဲ့ အန်စာတုံးပုံစံတစ်ခုကိုလည်း 600 BCE လောက်မှာ တရုတ်နိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ၁၇ ရာစုမှာတော့ အန်စာတုံးကို သင်္ချာပညာအတွက် အသုံးပြုခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *