အပစ်အခတ် ရပ်ဆဲရေး လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့မှာ အန်စီအေစာချုပ်နှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေး

နိုဝင်ဘာ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွေမှာ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်အတိုက်အခိုက်ရပ်စဲရေးစာချုပ်(အန်စီအေ) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အဆိုပါ အန်စီအေ အပစ်ခတ်လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ RCSS,KNU,PNLO,DKBA,CNF,ALP,KNLA-PC နှင့် ABSDF တို့မှ ခေါင်းဆောင် ၂၀ကျော် ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့သူ ဗိုလ်မှူးကြီး စိုင်းငင်းက “မေလက ပြီးစီးသွားတဲ့ ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံအပေါ်မှာ အဘက်ဘက်က ပြန်လည်သုံးသပ်တာလည်း ပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ အန်စီအေ လက်မှတ်ရေးထိုးခဲ့တာ ၂နှစ်ကျော်ခဲ့ပါပြီ။ အန်စီအေ စာချုပ်ထဲမှာ ပါတဲ့အတိုင်းဖြစ်မလာတာတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုတွေလုပ်ကြမလဲ။ နိုင်ငံရေးမူဘောင်တွေကိုရော ဘယ်လိုပြင်ဆင်ဖြည့်စွပ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးကြတာပါ။ ဒီနေ့က ပထမနေ့ဆိုတော့ အခြေအနေတွေ တင်ပြကြတာပဲရှိပါတယ်။ ဘာမှဆုံးဖြတ်ချက်တွေ မရှိသေးပါဘူး။” ဟု ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အန်စီအေ လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့များနျှင့် မထိုးရသေးတဲ့အဖွဲ့များကြားမှာ သဘောထားတူညီချက် တချို့တွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နိုင်ငံရေးကိုအဓိကထားပြီး ဆွေးနွေးကြဖို့ နိုင်ငံရေးဆွေးနွေးရင်လည်း တူညီတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးကြဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ TOR လုပ်ငန်းလမ်းညွှန်ချက်ပြုပြင်ဖို့ အစရှိတဲ့ အချက်တွေလည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Source: burmese.dvb

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *