အပျင်းလွန်သူများရဲ့ အလေ့အကျင့် (၁၀) ချက်

လူတိုင်း အနည်းနဲ့အများ အပျင်းကြီး ကြပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ အပါအဝင် စာဖတ်သူများလည်း ပါဝင်တာဖြစ်ပါတယ်။ လူတစ်ယောက်ကို ပျင်းအောင် ဘယ်အရာတွေက လုပ်ဆောင်ပေးတာလဲ ဆိုတာသိဖို့ လေ့လာကြည့်ရအောင်။

(၁.) ပျင်းရိတဲ့လူတော်တော်များများဟာ စကားပြောတဲ့အခါ ဟန်ချက်မညီကြပါဘူး။

အပျင်းကြီးကြတဲ့ လူတော်တော်များများဟာ စကားပြောတဲ့အခါ အနည်းငယ်သာ ပြောပြီး နားထောင်နိုင်စွမ်း အင်မတန် နည်းပါးကြပါတယ်။ တစ်ဖက်လူပြောသော စကားကို နားထောင်ချင်စိတ် မရှိကြပါ။

(၂.) တစ်ဖက်သားပြောတဲ့ စကားများကို စိတ်ဝင်စားမှု နည်းပါးပါတယ်။

သင်သာ အမှန်တကယ် ပျင်းတဲ့လူတစ်ယောက်ဖြစ်ပါက အခြားလူတစ်ယောက်ပြောတဲ့ စကားများကို လက်ခံနားထောင်နိုင်စွမ်း နည်းပါးပါတယ်။ ဥပမာ တစ်ဖက်မှ ကိုယ်ဟန် အမူအရာနှင့် စကားပြောရင်တောင်မှ အတော်အသင့်သာ နားလည်နိုင်မှာဖြစ်ပါတယ်။

(၃.) အခြားလူများကို ရယ်မောနိုင်အောင်လုပ်နိုင်စွမ်း မရှိပါ။

လူတိုင်းလိုလို ဟာသများ၊ရယ်မောစရာမျာကို ဖန်တီးနိင်စွမ်းအနည်းနဲ့အများ ရှိကြပါတယ်။ ပျင်းရိလွန်သူများဟာ အခြားတစ်ဖက်သားကို ရယ်မောအောင် လုပ်နိုင်စွမ်း မရှိကြပါ။

(၄.) စကားပြောဖို့အတွက် အကြောင်းအရာ လုံးဝမရှိကြပါ။

စကားတစ်ခုကို အစပျိုးရန်ပင် အကြောင်းအရာရှာရန် ခက်ခဲနေကြသူများဖြစ်ပါတယ်။

(၅.) အမြဲတူတဲ့ အကြောင်းအရာတစ်ခုကို လုပ်ကြပါတယ်။

ဥပမာ သွားနေကြ နေရာတစ်နေရာတည်းကို အကြိမ်ဖန်များစွာ သွားကြပြီး ပြောပြီးသား အကြောင်းအရာများကိုလည်း ထပ်ခါတလဲလဲ ပြောကြသူများဖြစ်ပါတယ်။

(၆.) ကိုယ်ပိုင်အကြံညာဏ် စိတ်ကူးစိတ်သန်း မရှိကြတာ။

သူများပြောတဲ့ အကြောင်းအရာများအပေါ် ထင်မြင်ယူဆချက်သုံးသပ်ချက် မရှိကြတာဖြစ်တယ်။

(၇.) ပုံပြင်ကောင်းကောင်း တစ်ပုဒ်ကိုမပြောတတ်ကြပါ။

ကလေးများကို အိပ်ရာဝင်ပုံပြင်နှင့် အခြားစိတ်ဝင်စားစရာအကြောင်းအရာများကို မပြောတတ်ကြပါ။

(၈.) စွမ်းဆောင်ရည် နည်းပါးကြပါတယ်။

ပျင်းရိသူများဟာ ကိုယ့်မှာရှိပြီးသား အရည်အချင်းများကို တိုးတက်အောင်လုပ်နိုင်စွမ်း မရှိကြပါ။

(၉.) အမြဲ မကောင်းမြင်တတ်ကြပါတယ်။

ဘာလုပ်လုပ် မကောင်းမြင်တတ်ကြသူများ ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အကြောင်းအရာဖြစ်ဖြစ်၊ သူများလုပ်တဲ့ အကြောင်းအရာဖြစ်ဖြစ် အဆိုးဘဲမြင်တတ်ကြသူများ ဖြစ်ကြပါတယ်။

(၁၀.) အလုပ်လုပ်ဖို့ အမြဲပျင်းနေကြသူများဖြစ်ပါတယ်။

ဘာအလုပ် လုပ်လုပ် ပျင်းရိနေကြသူများဖြစ်ကြပါတယ်။ အလုပ်လုပ်ရန် ခက်ခဲတဲ့ အကြောင်းပြချက် အမြဲရှိနေကြတဲ့ လူများဖြစ်ပါတယ်။

ဤအချက်များနှင့် သင်ကိုက်ညီနေပါက သင့်ကိုယ်သင်ပြောင်းလဲဖို့ အကြံပေးပါရစေ။

Leave a comment

Your email address will not be published. Required fields are marked *